Chapter 5

624 37 0
                                    

Unicode

Chapter 5

စစ်လျှို့ကျင်းက ချက်ချင်းသောက်လိုက်ပြီး နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။

"ထပ်ပေးဦး"

ပိုင်ယွီရှောင်းက ချက်ချင်းပဲ သူ့ကို နောက်ထပ်ရေတစ်ခွက်တိုက်ဖို့ ကူညီပေးခဲ့သည်။စစ်လျှို့ကျင်းသည် အခွက်ပေါင်းများစွာဆက်တိုက်သောက်ပြီးနောက်ဆုံးတွင် ရေငတ်ပြေသွားခဲ့သည်။ထို့နောက် သူက မေးလိုက်သည်။

"စားစရာတစ်ခုခုရှိလား"

"ဟုတ်ပြီ ခဏစောင့်နေနော် ကျွန်မရှင့်ဆီလာပို့ပေးမယ်"

ထွက်သွားတဲ့ခြေသံတွေကိုနားထောင်ပြီး ခဏအကြာမှာ သူမပြန်လာတာကို ကြားလိုက်ရသည်။အခန်းထဲကို စားစရာအနံ့တွေက ပျံ့လာပြီး သူမ အနီးကိုကပ်လာတာနဲ့အမျှ အနံ့ကပိုပြီးမွှေးလာသည်။

အရသာရှိမယ့်အနံ့လေးပဲ!!!စစ်လျှို့ကျင်းက တံတွေးမြိုချလိုက်တယ်။သူက အရမ်းဗိုက်ဆာနေပမေယ့်လည်း တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့နောက်ခံနဲ့ ကြီးပြင်းလာတဲ့ပုံစံက သူ့ကို အစာငတ်နေတဲ့သရဲတစ်ကောင်လို မလုပ်ဖို့ တားဆီးထားတယ်။

ပိုင်ယွီရှောင်းက ပန်းကန်လုံးနဲ့တူတွေကိုတွဲပြီး အစားအစာတွေကို ချပြီးတဲ့နောက် စစ်လျှို့ကျင်း စားပွဲမှာထိုင်ဖို့ ကူညီပေးခဲ့သည်။သဘာဝကျကျပဲ သူမက သူ့‌ကိုကျွေးဖို့ အသားတစ်ခုကို သူ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။စစ်လျှို့ကျင်းက အစားအစာတွေက အချို့ အစိမ်းစားရတာထက် ဘာမှမပိုဘူးဟုထင်ခဲ့ပေမယ့် အရသာရှိနေမယ်လို့ မမျှော်လင့်ထားပေ။

"ဒါက ဘာသားလဲ" သူကမေးလိုက်သည်။

"အဲ့ဒါက မြည်းသား"

"မြည်းသား?" သူသည် မြွေနှင့် မြင်းသားများကို စားဖူးသော်လည်း ယခုအကြိမ်က မြည်းသားကို ပထမဆုံး မြည်းစမ်းကြည့်ခြင်းဖြစ်သည်။

"ဆိုရိုးစကားရှိတယ်‌လေကောင်းကင်မှာ ငန်းသား၊မြေပြင်မှာ မြည်းသားတဲ့။မြည်းသားက အရသာရှိပြီးတော့ ချိုတယ်၊အေးတယ်။ပြီးတော့ တစ်ချိန်ထဲမှာပဲ သူက ချီ နဲ့ သွေးကို အာဟာရဖြစ်စေပြီးတော့ ယင် ကို အာဟာရဖြစ်‌စေပြီး ယန် ကို အားကောင်းစေတဲ့ စိတ်ငြိမ်စေတဲ့ အာနိသင်ရှိတယ်။ဒါက အခုချိန်မှာ ဝမ်ရယ်စားဖို့ အသင့်တော်ဆုံးပဲ"

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now