Chapter 10

602 52 0
                                    

Unicode

Chapter 10

ပိုင်ယွီရှောင်းက သူမ တာဝန်ထမ်းဆောင်နေတုန်းက မြစ်ကမ်းဘေးကရွာမှာနေတဲ့ အဒေါ်တစ်ယောက်ဆီကနေ ဂျင်ဆင်းပင်လယ်ငါးစွပ်ပြုတ်ချက်နည်းကို သင်လာခဲ့သည်။အဒေါ်ရဲ့ခင်ပွန်းက တံငါသည်တစ်ဦးဖြစ်ပြီးတော့ ပိုင်ယွီရှောင်းက အဲ့ဒီစွပ်ပြုတ်ကိုသောက်ပြီး အရသာကို မှတ်မိနေသေးသည်။ထိုစွပ်ပြုတ်က အရသာရှိပြီး လန်းဆန်းစေကာ အသားအရည်ကောင်းမွန်စေလာပြီး သွေးအားကောင်းစေသည်။ပိုင်ယွီရှောင်းက ဒီဟင်းလျာကို ကျောက်လုနဲ့ရွှမ်အာကို တစ်ခါပြောပြဖူးပြီး သူတို့က သရေများစီးကျလာခဲ့ကြသည်။သခင်တစ်ယောက်အနေနဲ့ ပိုင်ယွီရှောင်းက သူ့အစေခံတွေကို ကောင်းကောင်းစောင့်ရှောက်ပေးသည်။သူမပြန်လာတုန်းက ထိုအဒေါ်အိမ်ကိုဖြတ်သွားရတာကြောင့် အဒေါ်ဆီကနေ ငါးတစ်ကောင်ဝယ်ခဲ့ခြင်းဖြစ်သည်။

သူမက ဝမ်ရယ့်အတွက် ဖြည့်စွက်စာပို့ရမယ်ဆိုကတည်းက သူမအချိန်တွေကို ဒီကိစ္စအပေါ်မှာ မကုန်စေချင်တာကြောင့် စွပ်ပြုတ်တစ်ပန်းကန်သာပို့ပေးလိုက်သည်။

ဒါက နှစ်ဖက်လုံးအတွက်ကောင်းတာပဲမလား??

သတင်းတွေအရ စစ်လျှို့ကျင်းက မြို့တော်ကိုပြန်ရောက်လာပြီး သူ့အိမ်တော်ရဲ့အဓိကခြံဝင်းထဲမှာအနားယူနေသည်။အပြင်လူတွေအမြင်မှာတော့ သူကအားပြန်ဖြည့်နေတာဖြစ်သည်။သို့သော် တကယ်တမ်းတွင် သူသည် ဘာမှမလုပ်ဘဲ ဧကရာဇ်ကလည်း မနက်ခင်းညီလာခံတက်ရောက်ရန်မလိုကြောင်း ပြောထားသည်။လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သူက အဓိကခြံဝင်းထဲက ခန်းမထဲမှာနေပြီး ဖူထန်းရယ် နောက်ထပ်အရာရှိနှစ်ဉီးနဲ့အတူ ဆွေးနွေးတိုင်ပင်နေခဲ့သည်။သူက စစ်သည်တွေကို တိတ်တဆိတ်လွှတ်ထားပြီး သူ့ကို လုပ်ကြံတာရဲ့နောက်ကွယ်ကလူကို စုံစမ်းခိုင်းထားသည်။လွန်ခဲ့တဲ့သုံးလက ခမည်းတော်ဧကရာဇ်သူ့ကိုစုံစမ်းဖို့အမိန့်ပေးခဲ့တဲ့ ဆားခွန်ကိစ္စနဲ့ဆက်စပ်နေမည်ဟု သူယူဆထားသည်။သူသည် အမှုကို နှစ်လကြာအောင်စုံစမ်းခဲ့ပြီး တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။ဒါ‌‌ေပမယ့် သူမြို့တော်ကထွက်ခွာချိန်တွင် လုပ်ကြံခြင်းခံရသည်။

ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်/ဒီကိုယ်လုပ်တော်ကအလုပ်များနေပါတယ် ဝမ်ရယ်Where stories live. Discover now