No title 💞2💞
အရမ်းလှသလိုအရမ်းလဲနာမည်ကြီးပြီး
တကယ့်လူချမ်းသာတွေလောက်သာ
ဝယ်စားနိုင်တဲ့ စားသောက်ဆိုင်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ထိုစားသောက်ဆိုင်ထဲ ရောက်နေတဲ့
ကောင်လေးတစ်ယောက်ဟာလဲ
ဆိုင်အတွင်းထဲက အပြင်ဆင်တွေကြောင့်
ဘေးကလူကို ခနမေ့ထားကာ
မျက်လုံးဝေ့ပြီး လိုက်ပတ်ကြည့်နေလိုက်သည်" အေးကုန်ပြီ စားတော့လေ ကလေး "
" ဟုတ် အန်ကယ် "
ဆိုင်ပေါင်းစုံ ရောက်ဖူး သွားဖူးပေမဲ့ ဒီဆိုင်ကိုတော့ ဒီနေ့မှ အလုပ်ကိစ္စနဲ့ လူတစ်ယောက်ကိုတွေ့ဖို့ရှိတယ်ဆိုလို့ အန်ကယ်နဲ့အတူ ကျနော်ရောက်ဖူးလာခဲ့ခြင်းဖြစ်သည်
" အန်ကယ့်လူက မလာသေးဘူးလား"
" လာနေပြီ ကားတွေကြပ်လို့တဲ့လေ"
" ဟုတ်"
" ကလေးသွားစရာရှိလို့လား "
" အာ ...မဟုတ်ပါဘူး မရှိပါဘူး "
" သုံးစရာမရှိရင်လဲပြောနော် အားနာရမဲ့လူမဟုတ်ဘူး "
အန်ကယ်က ပြောရင်းဆိုရင်းနဲ့
ပိုက်ဆံတစ်ထပ်ကို ထုပ်ပေးလာတော့
ယူလိုက်ပြီး အိတ်ထဲသို့ အမြန်ထည့်လိုက်သည်" ကျေးဇူးပါ အန်ကယ်"
မျက်လုံးလေးမှေးစင်းကာပြုံးပြပြီးကျေးဇူးတင်စကားဆိုလာတော့
ဒီအဖိုးကြီးကအသဲယားယားနဲ့
ခေါင်းလုံးလုံးလေးပေါ်က ပန်းနုရောင်ဆံစလေးတွေအား လက်လေးနဲ့ အသာဖွပစ်လိုက်သည်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
