No title 🌺21

1.1K 93 7
                                        

No title 💞21💞

  ညက အိပ်ရေးပျက်လို့ နေ့လည်လောက်မှ နိုးလာတဲ့ ဂျီမင်း
ဘေးမှာလဲ အင်းကျီမပါ လူကိုတင်းကြပ်စွာဖက်ထားတဲ့အကို

ဂျီမင်းလဲ မထသေးပဲ အကို့ရဲ့မျက်နှာချောချောလေးကို သေချာ ကြည့်နေလိုက်သည်

...ဘာလို့ ဒီလောက်တောင် ချောနေရတာလဲ
ရင်အုံနဲ့ ကြွက်သားတွေကလဲ
ဆွဲကိုက်ချင်စရာ  ...

အကိုရဲ့ချောမောခန့်ငြားမူ့တွေကြည့်ပြီး
အရင်ကအကိုနဲ့အိပ်ဖူးတဲ့လူတွေကိုတောင်
မနာလိုဖြစ်လာသည်
စဉ်းစားရင်း မျက်လုံးထဲ အကိုနဲ့တစ်ခြားတစ်ယောက်အိပ်တဲ့ပုံပါမြင်ယောင်လာတော့ စိတ်တိုလာပြီး  ဖက်ထားတဲ့ရင်ခွင်ထဲကထွက်ကာ တစ်ဖက်ကို လှည့်အိပ်လိုက်သည်

ဒါကို ဂျောင်ကုက မနိုးသေးပေမဲ့လဲ  ကျောခိုင်း
လှည့်သွားတဲ့ထး ခန္တာကိုယ်လေးကိုအနောက်ကနေ သိမ်းကြုံးဖက်ထားပြန်သည်

....ငါက ချစ်သူထားခဲ့ဖူးပေမဲ့ တစ်ခါမှ အတူမအိပ်ခဲ့ဖူးဘူး အကိုကျတော့ ချစ်သူရည်းစားမထားဖူးပဲ လူအများနဲ့အိပ်ဖူးခဲ့တယ်   အကျင့်နည်းနည်းမှမကောင်းဘူး...

  ကိုယ်နဲ့ မတွေ့ဖူးသေးတဲ့ အချိန်တွေကို
တွေးရင်းစဉ်းစားရင်း အူတိုစိတ်တွေ
ဝင်လာကာ  စိတ်ဆိုးချင်လာသည်

" ဂျီမင်း နိုးနေပြီလား"

" မခေါ်နဲ့ "

မခေါ်နဲ့ဆိုတဲ့ လေသံကြောင့်
ဂျောင်ကု ဇက်ကနဲ့ထထိုင်လိုက်မိသည်

" ဂျီမင်း ဘာပြောလိုက်လဲ"

" ဘာမှ မပြောဘူး "

" ဒါဆိုအိပ်အုံးမယ်လို့ "

ဂျောင်ကုဟာ ဂျီမင်းအနားပြန်လှဲချပြီး ထပ်ဖက်လိုက်သည် ဒါကို ဂျီမင်းက
သိသိသာသာကြီး ရုန်းထွက်နေသည်

" ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

စိုးရိမ်သလို မေးလာတော့လဲ   ဘာမဟုတ်တာကိုတွေးပြီးကောက်နေတဲ့ဂျီမင်းဟာ
အဓိပ္ပယ်မရှိဘူးလို့လဲ သူ့ကိုယ်သူသိနေသည်

" ဘာဖြစ်လို့လဲ ဂျီမင်း တစ်ခုခုနာတာ
ကျင်တာဖြစ်လို့လား"

" မဖြစ်ပါဘူး ညက အကို ဘာလို့ပြန်လာတာ နောက်ကျလဲ "

No title 🌺Where stories live. Discover now