No title 💞14💞
ဂျီမင်းနိုးလာတော့
ခေါင်းတစ်လုံးလုံးလေးလံပြီး
မျက်ရိုးတွေလဲ ကိုက်နေသည်...ငါ ဘယ်ကိုရောက်နေတာလဲ ...
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. လှပတဲ့မီးအရောင်လေးနဲ့ အခန်းရဲ့
ပြင်ဆင်ထားတဲ့ ဒီဇိုင်းပုံကြောင့် ဂျီမင်း
အံ့သြမှင်သက်ပြီးလိုက်ကြည့်နေမိသည်နောက်မှ သေချာပြန်စဉ်းစားမိတော့ အကိုဂျောင်ကုနဲ့လိုက်လာတာကိုသတိရပြီး ငုတ်တုတ်ထထိုင်လိုက်သည်
ပြီးတော့ မျက်လုံးထဲ ဝင်လာတဲ့
မင်းယွန်းဂီရဲ့ပုံရိပ်တွေ" နိုးနေပြီလား ဂျီမင်း "
အခန်းထဲ စားစရာဘန်းလေးကိုင်ပြီး
ဝင်လာတဲ့ဂျောင်ကု" ဟုတ် နိုးပါပြီ "
" ဟိုဘက်မှာ ရေချိုးခန်း မျက်နှာသစ်ပြီး ဒီမှာ လာစားလိုက် "
" ဟုတ် ကျေးဇူးတင်ပါတယ် "
ဂျီမင်းလဲ အခန်းထဲ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာလိုက်သည်
" ဂျီမင်း အဆင်ပြေရဲ့လား "
" ဟုတ် ပြေပါတယ် ဒါနဲ့ ကျနော့်ဖုန်းရော အကို"
" ကိုယ်အားသွင်းထားပေးတယ် ခဏနော် ကိုယ်သွားယူလိုက်မယ်"
" ဟုတ် "
တစ်အောင့်နေတော့ ဂျီမင်းဖုန်းကိုယူလာပေးသည်
" ဖုန်း miss call တွေတော့ အများကြီးဝင်လာတယ် ကိုယ်ဘယ်လိုဖြေပေးရမလဲ မသိလို့ မကိုင်လိုက်ဘူး "
" ဟုတ် ရပါတယ် "
ဂျီမင်းလဲ ဖုန်းယူပြီးကြည့်လိုက်တော့ မမဆီက အဝင်ကော ပြီးတော့ ယွန်းဂီနဲ့ထယ်ယောင်း
