No title 💞7💞
ယွန်းဂီတစ်ယောက် အလုပ်ရှာနေတာ တော်တော်ကြာနေပြီ အခုချိန်မရသေး အရေးထဲ လက ကုန်တော့မှာမို့ တိုက်ခန်းငှားခလဲ ပေးရအုံးမယ်ဆိုတော့
သွားရင်းလာရင်း စိတ်ပျက် လက်ပျက်နဲ့ လမ်းဘေးတစ်နေရာမှာ ထိုင်ချလိုက်သည်...ဘာလို့ငါ့ဘဝက ဒီလောက်ခက်ခဲနေရတာလဲ အမြဲတမ်း အဆိုးတွေနဲ့ပဲ ကြုံနေရတာ
ကိုယ်ကိုယ့်ကိုလဲ လောကကြီးထဲမနေချင်တော့လောက်အောင် တော်တော်လေးစိတ်ပျက်နေမိသည် ......ဒီအတိုင်းဆို ငါအလုပ်ရွေးနေလို့မဖြစ်တော့ဘူးပဲ ...
မရတဲ့အဆုံး ရရာအလုပ်လုပ်ဖို့ စိတ်ကူပြီးပြန်ထကာ တစ်ဖက်က လမ်းကို အကူး လမ်းကွေ့က အရှိန်နဲ့ ထွက်လာတဲ့ကား
...ကီ...ကီ.....ကျွီ...
ရုတ်တရက် ရှေ့က လူ ပေါ်လာလို့
ကားဘရိတ်အုပ်လိုက်ရတာကြောင့်
ကား အနောက်ခန်းက လိုက်ပါလာတဲ့
ဂျောင်ကုခန္တာကိုယ်ကာ ရှေ့ကခုံနဲ့တိုက်ပြီး
ဟန်ချက်ပျက်သွားသည်" ဘာဖြစ်တာလဲ "
" အရှေ့မှာ လူ တစ်ယောက် ရုတ်တရက်ပေါ်လာလို့ပါ ဘော့စ် "
သူဌေးဖြစ်သူကိုပြန်ဖြေရင်း ဂျော်နီဟာ
ကားပေါ်က အမြန်ပြေးဆင်းသွားသည်" ဒီမှာ ကားတစ်စီးလုံးလာတာ မင်းမမြင်ဘူးလား "
" အာ... တောင်းပန်ပါတယ် "
" ဘာလဲ လျှော်ကြေးလိုချင်လို့ ခုလိုလုပ်တာ မလား "
ကားရှေ့မှာ တပည့်ဖြစ်သူနဲ့ အသားဖြူဖြူ အဝတ်စားခပ်နွမ်းနွမ်းနဲ့ လူငယ်တစ်ယောက်ဟာ အခြေမတင် စကားများနေတာတွေ့တော့
ဂျောင်ကုလဲ ကားမှန်ကိုချကာ" ဂျော်နီ မပြီးသေးဘူးလား ဘာဖြစ်သွားလို့လဲ"
" ဘာမှ မဖြစ်ဘူးဘောစ့် သက်သက်
ပိုက်ဆံလိုချင်လို့ လုပ်စားနေတာ"" အဲ့လိုမဟုတ်ရပါဘူး အကို "
" အခုမင်းကို တစ်စက်လေးတောင် မထိလို့ပေါ့ ထိမိသွားကြည့်ပါလား "
" သေချင်ရင်လဲ ဝေးဝေးမှာ သွားသေ အလုပ်ရှုပ်ရအောင်တော့ လာမလုပ်နဲ့ "
