No title 💞 the end 💞
ကားပေါ်မှာတိတ်ဆိတ်စွာလိုက်ပါလာခဲ့တဲ့
ဂျီမင်းမှာ လက်ထဲကိုင်ထားတဲ့
သေနပ်ကိုကြည့်ကာ မျက်ရည်တွေ
တစ်သွင်သွင်စီးကျနေလျှက်...ဘာလို့ အဲ့လိုတွေ လုပ်ရတာလဲ
အကိုရယ် ကျနော့်ကို ချစ်တယ်ဆိုရင်
ဒီအတိုင်း ဖွင့်ပြောလို့မရဘူးလား ဘာလို့
လူတွေ အသက်ထိတောင် ရန်ရှာရတာလဲ "" အကို ကျနော်တို့ ဘယ်ကို သွားကြမလဲ"
ကားရှေ့ခန်းက မေးလာတဲ့
ကင်ထယ်ယောင်း" အိမ်ကိုပဲ ပြန်ကြမယ်"
" သူလူတွေနဲ့လိုက်လာရင် ဘယ်လိုလုပ်မလဲ"
" ဟုတ်တယ် ဂျီမင်း ငါတို့ တစ်ခြားမြို့
တစ်နေရာပြောင်းပြီးနေရအောင်"" ဟင်အင်း အိမ်ကိုပဲမောင်း "
အိမ်ရောက်တော့လဲ အခန်းထဲ
တန်းဝင်သွားတဲ့ဂျီမင်း
ဒါကို အနောက်က ထယ်ယောင်းလိုက်ဝင်သွားပေမဲ့ မင်းယွန်းဂီကတော့ ဒီအတိုင်းပဲ
ကြည့်နေမိသည်" အကို ငိုနတောလား "
" ငါ့တစ်ယောက်ထဲ နေချင်တယ်
ခနလောက်လွတ်ထားပေးပါ "" အကို အပြင်မှာ အကိုယွန်းဂီရှိတယ်လေ "
" ငါတောင်းပန်ပါတယ် ခနလေး အပြင်ထွက်ပေးပါ "
" ထယ်လေး "
အခန်းဝက ဂျောင်ဟိုဆော့ခေါ်တာမို့
ထယ်ယောင်းလဲ ထွက်လာလိုက်သည်"သူ့ကို တစ်ယောက်ထဲ လွတ်ထားပေးလိုက်အုံး "
အဲ့တော့မှ ထယ်ယောင်းလဲ ဟိုဘီနဲ့အတူ ဧည့်ခန်းမှာ ယွန်းဂီနား သွားထိုင်နေလိုက်သည်
ဂျီမင်းလဲ ထယ်ယောင်းထွက်သွားတော့မှ
ကြမ်းပြင်မှာစိတ်ပျက်စွာနဲ့ထိုင်ချလိုက်သည်...ဘာလို့လဲ မနက်ကအထိ အကိုနဲ့ အဆင်ပြေပြေရှိနေသေးတာလေ
အခုဘာလို့ ဒီလိုဖြစ်ရတာလဲ ...ကျနော့ကိုချစ်လို့ ကျနော်ချစ်တဲ့လူတွေကို ဒုက္ခပေးတာ သဘာဝမကျဘူးလေအကိုရာ
ဒါကြောင့်အခုနောက်ပိုင်း အကို့ကို ကြည့်ရတာ
တစ်မျိုးဖြစ်လာတယ် ဒါလဲ ကျနော်ဟာ ပေါ့တန်တန်ပဲတွေးခဲ့မိတယ် အခုတော့
အကိုရဲ့လုပ်ရပ်တွေက
ညီလေးနဲ့ ယွန်းဂီကိုတောင် မျက်နှာ
မပြရဲလောက်အောင်ပူနေရပြီ အကိုကတအား
အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တာပဲ
