No title 🌺20

1.3K 92 2
                                        

No title 💞20💞

မနက်စောစော ကြားရတဲ့သတင်းကြောင့်ဂျော်နီတစ်ယောက် ခေါင်းမိးတောက်နေပြီ
ဘော့စ်ရဲ့စီးပွားရေးတွေထဲက ဟိုတစ်ခါ
လူသတ်မူ့ဖြစ်သွားတဲ့ ချစ်သူစုံတွဲတွေ အပန်းဖြေတဲ့ နှလုံးသားဥယျာဉ်ပန်းခြံဟာ
မန်နေဂျာရဲ့ လက်ချက်ကြောင့် သူများလက်ထဲရောက်နေပြီ

" ဘယ်လိုလုပ်ရမလဲ ညီလေးထယ် "

" အကိုဂျောင်ကုဆီ ဖုန်းဆက် အကျိုးကြောင်းပြောပြလိုက်ပေါ့"

" ပြသနာတော့တက်ပြီ "

" အကို ဟိုတစ်လောကတောင် သွားကြည့်ခဲ့သေးတယ်မလား "

" သွားတယ် စရင်းတွေလဲ
အကုန်စစ်ခဲ့တာပဲ အခုမှ "

" အခု အဲ့မန်နေဂျာ ရှိနေသေးလား"

" ရှိမလား မလာတာ ၅ရက်ရှိပြီ ပထမတော့
နေမကောင်းဘူးဆိုပြီး ခွင့်တောင်းတာ တကယ်တော့ပြေးဖို့ အချိန်ယူသွားတာ "

" အကိုဂျောင်ကုသိရင် လွယ်ပါ့မလား "

" ဘော့စ်အကြောင်းသိလို့ ပြေးသွားပြီလေ ကြားထဲမှာ အကို အရင် အပြောခံရတော့မယ် "

" ကျနော် ဝိုင်းပြောပေးမယ်လေ"

" မလွယ်ဘူး ညီလေး ဟိုတစ်ခါတုန်းက
ဘော့စ်ပိုက်ဆံကို လောင်းကစားလုပ်လိုက်တဲ့
လူကို မှတ်မိတယ်မလား"

" ကိုတာတီးတို့ဝိုင်းမှာလာကစားတဲ့
တစ်ယောက်မလား "

" ဟုတ်တယ် သူတုန်းက အကိုတို့သက်သာတာ
အဲ့လူရှိနေလို့ နောက်မဟုတ်ရင် အကို ကြားကနေ အသတ်ခံရမှာ"

" အဲ့တစ်ယောက်က သူ့ဖာသာသူ သတ်သေသွားတာ မဟုတ်လား"

" မဟုတ်ဘူး ဘော့စ်က စိတ်ကောင်းရင်လဲ
တအားကောင်းတယ် အလိုမကျတော့ဘူးဆိုရင်လဲ ရှင်းပြ‌ခွင့်တောင်မပေးဘူး ဘဝပြောင်းပေး‌လိုက်ရော "

ဂျော်နီပြောတဲ့စကားတွေ နားထောင်ရင်း
အံ့ဩမူ့နဲ့ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်သွားတဲ့
ထယ်ယောင်း

" ဘောစ့်ဖုန်းကို ဆက်တာဆက်လို့မရဘူး မင်းအကိုဆီ ဆက်ကြည့်ပါလား "

" ဟုတ် အကို "

ထယ်ယောင်းလဲ အကိုဖြစ်သူဖုန်း‌ကို
ဆက်လိုက်သည် ဒါပေမဲ့ ဖုန်းက စက်ပိတ်ထားသည်လို့ပဲ ထပ်ခါပြောနေတော့ အကိုဖြစ်သူကို စိတ်ပူလာသည်

No title 🌺Where stories live. Discover now