No title 🌺 24

1.1K 96 10
                                        

No title 💞24💞

" ညီလေး.... ဟိုဆော့... မင်းတို့
ဘယ်မှာသွားနေနေကြတာလဲဘာလို့
ပျောက်သွားရတာလဲ ငါ့မှာ မင်းတို့ကြောင့်
ငိုလိုက်ရတာကွာ "

ဂျီမင်းမှာ အားရဝမ်းသာ မျက်ရည်ပါကျပြီး
ထယ်ယောင်းနဲ့ ဂျောင်ဟိုဆော့ကို ပြောကာငိုတော့သည်

" စိတ်မပူပါနဲ့ အခု ကျနော်တို့ပြန်လာပြီလေ"

" ယွန်းဂီနဲ့ရော ဘယ်လိုတွေ့လာကြတာလဲ"

" ဒီမှာ ခများ အရှက်မကွဲချင် ခများရဲ့
မဂ်လာပွဲကို ဒီလောက်နဲ့ပဲ ရပ်ထားလိုက်"

" ညီလေး မင်းဘယ်လိုတွေပြောနေတာလဲ "

" အကို့ကို အဲ့လူယုတ်မာနဲ့ ကျနော်သဘောမတူနိုင်ဘူး"

ညီဖြစ်သူစကားတွေကြောင့် ဂျောင်ကုမျက်နှာကို အားနာစွာနဲ့ကြည့်မိသည်
ဂျောင်ကုလဲ ကြည့်နေတဲ့ ဂျီမင်းဆီ
တစ်လှမ်းချင်းလျှောက်လာပြီး အနားရောက်တော့ လက်လေးကို ဆုပ်ကိုင်လိုက်သည်

" ကိုယ်တို့ လက်မှတ်ထိုးရတော့မယ်
သွားကြရအောင်"

ပြောပြီးတာနဲ့ ဂျီမင်းလက်လေးကိုင်ကာထွက်လာဖို့လုပ်ပေမဲ့ ယွန်းဂီက လှမ်းဆွဲလာသည်

ဂျီမင်းမှာလဲ ဂျောင်ကုကိုကြည့်လိုက်
ယွန်းဂီကိုကြည့်လိုက်နှင့်

" ‌ဂျီမင်း "

" ယွန်းဂီ "

ယွန်းဂီမှာလဲ မျက်ရည်စတွေနဲ့မို့ သနားမိသည်
ဒါကြောင့် ဂျောင်ကုလက်ကို ခဏလွတ်လိုက်ပြီး ယွန်းဂီလက်ကိုပြန်ဆုပ်ကိုင်လိုက်သည်

" ငါတောင်းပန်ပါတယ် "

" မင်းပိန်သွားတယ်နော်"

"ဂျီမင်း ပွဲစတော့မယ်"

  ယွန်းဂီလက်ကို ကိုင်ထားတဲ့
ဂျီမင်းလက်အား ပြန်ဆွဲယူလိုက်တဲ့ဂျောင်ကု

" ဂျီမင်း ပြောစရာရှိရင် နောက်မှ အေးဆေးပြောကြလေ အခုက ဟိုမှာ စောင့်နေပြီ "

" ဟုတ် "

" ဂျီမင်း "

ဂျောင်ကုနောက်လိုက်မဲ့စဲစဲ ပြန်ခေါ်တဲ့
ယွန်းဂီကြောင့် ခြေလမ်းတွေ ရပ်သွားပြန်သည်

No title 🌺Where stories live. Discover now