No title 💞23💞
ခြံထဲ ကော်ဖီတစ်ခွက်နဲ့ တစ်ခုခုကိုအတွေးလွန်နေသောဂျောင်ကု
" အကိုလေး "
" အခြေနေဘယ်လိုလဲ ဒေါက်တာ "
" ဒီအတိုင်းပဲ အစားလဲမစားဘူး ဆေးလဲမသောက်ဘူး ကြာရင် အားနည်းပြီး အခြေနေပိုဆိုးလာနိုင်တယ် "
" အဲ့ဒါ ဘယ်လိုလုပ်သင့်လဲဆိုတာ ဒေါက်တာ တစ်ယောက်အနေနဲ့ သိသင့်တယ် မဟုတ်လား"
" အကိုလေး ကျနော်အတင်းအကျပ်လုပ်ရအောင်လဲ ကောင်လေးက ကလေးမဟုတ်ဘူးလေ"
" ဘယ်သူက အဲ့လို အတင်းကျပ်လုပ်ခိုင်းလို့လဲ"
" ကျနော် ဥပမာပြောပြတာပါ အကိုလေး"
" ဒေါက်တာကို ခေါ်ထားတာ တစ်လပြည့်တော့မယ် ဂျီမင်းက ဒီအတိုင်းပဲ ဘာမှ အခြေနေမတိုးတက်လာဘူး "
" အကိုလေး ကောင်လေးက ကျမ်းမာရေးထိခိုက်တာထက် စိတ်ထိခိုက်နေတာပါ
အဓိကက ကောင်လေးစိတ်အဆင်ပြေလာအောင် အကိုလေး အရင်လုပ်ပေးလိုက်ပါ"" ဘယ်လိုလုပ်ပေးရမလဲ ဒေါက်တာ အကြံလေးပေးပါအုံး "
"ရှင်းရှင်းပြောရရင် ကောင်လေးကို ဒီအိမ်ထဲမှာပဲ ရှိမနေချင်ဘူး ဘာလို့လဲဆိုတော့ အကိုလေးပဲပြောတယ်မဟုတ်လား ဒီအိမ်က သူတို့ညီကိုနှစ်ယောက်အတူနေခဲ့ကြတဲ့အိမ်ဆိုတာ"
" ဟုတ်တယ်လေ"
" ဒါကြောင့် ဒီအိမ်ထဲမှာနေရင် သူညီရဲ့ အရိပ်အငွေ့အသက်တွေ မြင်ယောင်ပြီး
ခံစားမိနေမယ်ဆို ဒီလိုပဲ ကြာရင် ပိုဆိုးလာလိမ့်မယ်""အဲ့ဒီတော့ ဘယ်လိုလုပ်ရမလဲ"
" ခရီးထွက်ကြပါ "
##########################
ဒေါက်တာရဲ့ အကြံပေးမူ့ကြောင့် နိုင်ငံခြားသို့ ရောက်လာခဲ့သည်
နေစရာ ဟိုတယ်ကိုလဲ ပင်လယ်နဲ့ အနီးနားမှာငှားလိုက်သည်တိုက်ခန်းမှန်ကတစ်ဆင့် အပြင်ဘက်ရှု့ခင်းတွေငေးရင်း ငြိမ်သက်နေတဲ့ ဂျီမင်း
" ဂျီမင်း "
ခေါ်လိုက်တော့ ဖြေးဖြေးချင်း လှည့်ကြည့်လာသည်
