No title 🌺5

1.3K 126 6
                                        

No title 💞5💞

ဂျောင်ဟိုဆော့တစ်ယောက်
သတင်းကြည့်ပြီး ပြန်အိပ်လို့
မပျော်တော့တာကြောင့်ရေမိုးချိုးကာ ကင်ထယ်ယောင်းတို့အိမ်ကို ဆိုင်ကယ်နဲ့ထွက်လာခဲ့လိုက်သည်

သူတို့နေတဲ့ ရပ်ကွက်လမ်းကွေ့ထဲဝင်တော့
လမ်းထိပ်က အကြော်ဆိုင်မှာ အကြော်စားနေတဲ့ မင်းယွန်းဂီကိုပါ တွေ့လို့ ဆိုင်ကယ်ခဏရပ်ပြီး
ဆင်းနူတ်ဆက်လိုက်သည်

" သူငယ်ချင်း အစောကြီးပါလား "

" ဪ ဂျောင်ဟိုဆော့ ဘယ်လဲ "

" ဂျီမင်းတို့အိမ်သွားမလို့လေ ဒါနဲ့ ဘာနဲ့လာတာလဲ ကားလဲ မတွေ့ဘူးရော်"

" ကားက အုံနာ ပြန်သိမ်းသွားပြီ"

" ဟမ် ဒါဆို မင်းဘာအလုပ် လုပ်မလဲ"

" ရတယ် ငါအခုစားပြီးရင် အလုပ်သွားရှာမလို့ "

" ဂျီမင်းတို့အိမ် မလိုက်တော့ဘူးလား"

" မလိုက်တော့ဘူး "

" အေး ပြီးရော တစ်ခုခု လိုအပ်ရင် ငါ့ကိုပြောနော်"

" အေးပါ .....
ဒေါ်လေးရေ ကျနော့ကို ပါဆယ် နှစ်ထုပ်ပြင်ပေး 
ဂျီမင်းတို့အတွက်  မင်းယူသွား
ပေးလိုက်နော် "

" အင်း "

" ဒါဆို ငါသွားတော့မယ် "

အိတ်ကပ်ထဲက ပိုက်ဆံတစ်ချို့ကို အဒေါ်ကြီးအား ထုပ်ပေးပြီး ကုတ်ကုတ်နဲ့ လမ်းလျှောက်ပြန်သွားတဲ့ မင်းယွန်းဂီကို
ခနကြာတဲ့အထိ ကြည့်ပြီးမှ ပါဆယ်ထုပ်ဆွဲကာ
ဂျီမင်းတို့အိမ်ကိုထွက်လာလိုက်သည်

ခြံသေးသေးလေးထဲ အိမ်လေးထဲမှာ
လှုပ်ရှားမူ့အသံတွေ တိတ်ဆိတ်နေတုန်းမို့ ပြန်အိပ်နေကြတာလားမသိဟု တွေးကာ  တံခါးဖွင့်ဝင်လာလိုက်သည်

ဝင်ဝင်ချင်း အရင်ဆုံးတွေ့ရတာက
ဆိုဖာပေါ် အိပ်ပျော်နေသော ဂျီမင်း

" ဂျီမင်း ဂျီမင်း "

" ဟမ် ဆော့ပါလား "

" ထတော့ ဒီမှာ မင်းယွန်းဂီကမင်းတို့အတွက် မုန့်ဟင်းခါးနဲ့ ဗူးသီးကြော်ထည့်လာပေးတယ်"

No title 🌺Where stories live. Discover now