No title 🌺4

1.4K 120 7
                                        

No title 💞4💞

" နင် အဲ့ကောင်နဲ့ပေါင်းနေပြန်ပြီလား  နင့်မှာပေါင်းစရာလူတော်တော်ရှားလား ငါ့ကိုသိက္ခာကျအောင်လုပ်နေတာလား ...ဟမ် ပြောစမ်း ..ဂျောင်ဟိုဆော့"

" မာမီကလဲ ကျနော်ပေါင်းလာတာ အခုမှ မဟုတ်ဘူးလေ "

" အေ ငါပြောနေတာလဲ အခုမှမဟုတ်ဘူး
နင်ငါ့စကားကိုနဲနဲလေးတောင် ဂရုစိုက်ခဲ့လို့လား"

" သူနဲ့ကျနော်ပေါင်းတော့ မာမီကို ဘာထိခိုက်နေလို့လဲ "

တစ်ခွန်းမကျန် အမေဖြစ်သူကိုခံအော်နေတဲ့သားကိုကြည့်ပြီး စိတ်ပျက်မိသည်

ပိုက်ဆံလဲချမ်းသာ တစ်ဦးတည်းသော
သားကလဲဖြစ်လို့ အလိုလိုက်ထားခဲ့တာ
အခုတော့ ဘာမဟုတ်တဲ့ ရပ်ကွက်က အပျက်ကောင်ရဲ့ညီ ဂျလေဘီနဲ့ တစ်ပူးပူးတစ်တွဲတွဲဖြစ်နေတာ  မြင်လို့မကောင်း

" ဘာတွေဖြစ်နေကြတာလဲ ဒီသားမိတွေ"

" ဘာဖြစ်ရမလဲ ရှင့်သားကို ရှင်ခိုင်းလိုက်တဲ့ကိစ္စလေ"

" ဘာဖြစ်လို့လဲ "

" ဘာဖြစ်ရမလဲ အဲ့ပိုက်ဆံတွေနဲ့ ဟိုလူဆိုးကောင်တာတီးပိုင်နက်ထဲမှာ ဖဲဒိုင်သွားကိုင်လာတယ်တဲ့လေ "

" ဟေ ...ဟုတ်လား သား "

" ဟုတ်ပါတယ် ဒယ်ဒီ ဒါပေမဲ့ ဒယ်ဒီပေးခိုင်းလိုက်တဲ့ပိုက်ဆံတော့ ကျနော်တစ်ပြားမှ မ‌ယူသုံးရဘူးနော် ဒယ်ဒီ"

" အေးပါ ဟုတ်ပါပီ တကယ်လို့ အဲ့ငွေတွေ ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ "

"ဟိုကောင်ညီကိုတွေနဲ့ပေါင်းပြီး အတတ်ကောင်းတွေသင်နေတာလေ "

" ကျနော်သူနဲ့ အလယ်တန်းကတည်းက ပေါင်းလာတာ‌ ဘယ်တုန်းကများ မာမီတို့ကို ထိခိုက်‌နစ်နာအောင် လုပ်ခဲ့ဖူးလို့လား"

" ဟုတ်တယ် ငါ့သားပြောတာမှန်တယ်
အခု ပိုက်ဆံလဲ ဆုံးရှုံးတာ မဟုတ်တဲ့အတွက် မိန်းမလဲ တော်တော့ ပြီးတော့ ငါ့သားကလဲ
ဘာပဲလုပ်လုပ် အမှားအမှန်တော့ ခွဲခြားတတ်ရမယ်  ဟုတ်ပြီလား "

" ဟုတ်ကဲ့ပါ ဒယ်ဒီ "

" ဟုတ်ပြီ မိန်းမလဲ ငါမနက်ဖန် ထွက်မဲ့ ခရီးအတွက် ပြင်ဆင်ထားပေး "

No title 🌺Donde viven las historias. Descúbrelo ahora