No title 🌺6

1.3K 126 4
                                        

No title 💞6💞

ဂျီမင်းတစ်ယောက်  စိတ်အဆင်မပြေလို့ ဆက်မသောက်တော့ပဲ အိမ်ကိုသာပြန်လာလိုက်သည်
အိမ်ရှေ့ရောက်တော့ ခြံဝမှာ ရပ်နေတဲ့ မင်းယွန်းဂီ

"ရောက်တာ ကြာနေပြီလား ဘာလို့အိမ်ထဲ
မဝင်တာလဲ "

" မင်းပြန်လာမယ်ထင်လို့ ဒီကပဲစောင့်နေတာ"

" လာ အိမ်ထဲဝင် "

" အင်း "

အိမ်ထဲရောက်တာနဲ့ ဆိုဖာပေါ်လှဲအိပ်ချလိုက်သည် ယွန်းဂီကတော့ လွတ်နေတဲ့ နေရာဝင်ထိုင်ရင်း နီရဲလာတဲ့ဂျီမင်းမျက်နှာကိုကြည့်နေမိသည်

" အများကြီး သောက်ခဲ့တာလား"

" နည်းနည်းလေးပါ "

" သံပုရာရေ ဖျော်ပေးရမလား "

" ဟင်အင်း ရတယ် ငါဘာမှမဖြစ်ဘူး "

မျက်စိသာမဖွင့်ပေမဲ့ မေးနေတာကိုတော့
ပြန်ဖြေသေးတာမို့ နည်းနည်းတော့ စိတ်အေးရသည်

" အိပ်တော့မလို့လား "

" အင်း "

" ရေချိုးပြီးမှ အိပ်ပါလား "

" ရတယ် ဒီအတိုင်းပဲ အိပ်တော့မယ်"

" အင်းပါ ဒါဆို ငါပြန်တော့မယ်နော်"

" အင်း ဂရုစိုက်ပြန်အုံး "

" အင်း "

ယွန်းဂီလဲ နူတ်ဆက်ပြီး ပြန်ထွက်လာလိုက်သည် စိတ်အဆင်မပြေရင် ဒီလိုပဲ လူကို ဆက်ဆံနေကျဆိုတော့  နားလည်ပေးရသည် ကိုယ်ကိုယ်တိုင်ကလဲ ဘာပဲဖြစ်ဖြစ် သူ့ကိုအသိမပေးတော့ သူစိတ်ဆိုးလဲ ဆိုးသင့်သည်

ည ၁၁နာရီ
ထယ်ယောင်းအိမ်ပြန်ရောက်လာတော့
ဆိုဖာပေါ်  ဟောက်သံပိစိထွက်ပြီး အိပ်ပျော်နေတဲ့ အကိုကိုတွေ့တော့ ‌ပွေ့ချီပြီး အခန်းလေးထဲ
ထည့်သိပ့်လိုက်သည်

...အစောကြီးပြန်ရောက်နေတာလား
အများကြီးမူးလာတယ် ထင်တယ် ...

အိပ်ယာပေါ် အသာချပေးလိုက်တော့
မျက်လုံးဖွင့်ကြည့်လာသည်

" ပြန်လာပြီလား "

" အင်း အကိုက ဘာလို့ အပြင်မှာ
အိပ်နေတာလဲ"

No title 🌺Where stories live. Discover now