No title 🌺11

1.1K 116 11
                                        

No title 💞11💞

အခုဆို ဂျောင်ကုဟာ ကင်ထယ်ယောင်းကို အကြိုအပို့လုပ်ရင်း ဂျီမင်းနဲ့လည်း ပိုပြီးရင်းနီးလာသည်

ဂျီမင်းလဲ ကင်နန်ဂျွန်းနဲ့ကိစ္စကို ဖြတ်ချင်လို့ အပြင်လဲမထွက်သလို ဖုန်းနံပတ်လဲ အသစ်ပြောင်းထားလိုက်သည်
‌ဒါမျိုးက တစ်ယောက်ယောက်ကို
ဇတ်လမ်းဖြတ်ပြီဆိုရင် ဂျီမင်းလုပ်နေကျ

အခုလဲ ညီဖြစ်သူပြန်လာရင် စားဖို့
အဆင်သင့်ပြင်ဆင်ပြီး tvကြည့်ကာ
စောင့်နေလိုက်သည်

📱📱📱

စားပွဲပေါ်က တဂွီဂွီနဲ့ ဖုန်းလာသံကြောင့် ကြည့်လိုက်တော့ ယွန်းဂီ

" ဟယ်လို "

" ..ဂျီမင်း "

" ဘာဖြစ်တာလဲ အသံက"

" ဘာမှ မဖြစ်ဘူး မင်းကို သတိရလို့ "

" မင်းအခု ဘယ်မှာလဲ "

" ငါ လမ်းထိပ်က အကြော်ဆိုင်မှာ "

အကြော်ဆိုင်က မနက်တစ်ချက်ပဲဖွင့်တာမို့ ဒီအချိန် အကြော်လာစားတာတော့မဖြစ်နိုင် သက်သက် သူ ကျနော့ကိုတွေ့ချင်လို့ပဲ
ဖြစ်မည်

" အိမ်ကိုလာခဲ့လေ "

" ထယ်ယောင်းရှိနေတယ် မဟုတ်လား"

နာရီကြည့်မိတော့ 5နာရီခွဲနေပြီမို့
ထယ်ယောင်းပြန်လာကာနီးနေပြီ ယွန်းဂီကလဲ တစ်ခုခုဆို မပွင့်မလင်း

" ငါ အခုထွက်လာမယ် ခဏစောင့် "

ဂျီမင်းလဲ ထယ်ယောင်းကို ဖုန်းဆက်ပြီး အပြင်ခဏသွားမဲ့အကြောင်း လှမ်းပြောလိုက်သည်

လမ်းထိပ်ထွက်လာတော့ ကျနော့ကိုလဲမြင်ရော ပြုံးပြီးကြည့်နေတဲ့ယွန်းဂီ

" ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

" ဘာမှ မဖြစ်ဘူး ငါလွမ်းလို့ပါဆို"

" အခု အလုပ်သွားဖို့လား "

" အင်း အလုပ်သွားကာနီး အားရှိအောင်
ခဏလောက်ဖက်ထားပေး "

" မင်း ထူးဆန်းနေပါလား "

" မသိတော့ဘူး ငါ‌စိတ်တွေ လေးနေသလို ခံစားရတယ် "

No title 🌺Where stories live. Discover now