No title 🌺 18

1.2K 103 4
                                        

No title 💞18💞

မြို့မှာ အသုဘကိစ္စနဲ့ ရက်တစ်ပတ်လောက်ကြာသွားသည် ဘေးက ချစ်သူ အသစ်စက်စက်လေးကို ကြည့်လိုက်ပြန်တော့ ပင်ပန်းလို့ တစ်လမ်းလုံးအိပ်လာတာ တစ်ချက်လေးတောင်မနိုး
ကိုယ်ကိုယ်တိုင်ကလဲ မနိုးရက်

တော်သေးတယ်  အဲ့ကောင်အတွက်နဲ့
အများကြီးမငိုတော့လို့။

တော‌ထဲက အိမ်ကိုပြန်ရောက်လာတဲ့အထိ ဂျီမင်းဟာ အနိုးသေး
ဂျောင်ကုလဲ ကားပေါ်က အသာလေးဆင်းပြီး ဂျီမင်းထိုင်နေတဲ့ဘက်ကိုသွားကာ အသာလေးပွေ့ချီလိုက်သည်
အအိပ်ဆတ်တဲ့ဂျီမင်းကလဲ သူ့အသားထိတာနဲ့နိုးလာပြီး မျက်လုံးပွင့်လာသည်

" ရောက်ပြီလား အကို "

" အင်း ဒီအတိုင်းလိုက်ခဲ့နော် "

" ဟုတ် "

ဂျောင်ကုကပွေ့ထားတော့ ဂျီမင်းကလဲ
ဂျောင်ကုကို သိုင်းဖက်ကာ လည်တိုင်ကြားခေါင်းလေးတိုးဝင်လိုက်သည်

" အိပ်အုံးမယ်မလား ဂျီမင်း "

" ဟုတ် "

ဂျောင်ကုလဲ ဂျီမင်းကို သူ့အခန်းထဲ အရောက်ပွေ့ချီသွားပြီး နေရာချပေးလိုက်သည်

" အိပ်နော် တစ်ခုခု လိုချင်တယ်
စားချင်တယ်ဆို ကိုယ့်ကိုလာပြော
ကိုယ် ဧည့်ခန်းမှာ ရှိနေမယ်"

" ဒီနားမှာပဲ ရှိနေပေးလို့မရဘူးလား "

" ရှိနေချင်တာပေါ့ "

" ဒါဆို ကျနော်နားမှာပဲ အဖော်အိပ်ပေးနော် "

" ကောင်းပါပြီဗျာ "

ဂျောင်ကုလဲဂျီမင်းရဲ့ဘေးမှာပင်
ဝင်လှဲလိုက်ပြီး
သူ့လက်မောင်းပေါ် ဂျီမင်းကို ခေါင်းတင်စေပြီး
ဖက်ထားလိုက်သည်

" ဂျီမင်း "

" ဗျာ "

" ကိုယ်တို့ဆုံကြတာ  5နှစ်ကျော်တောင်
ရှိသွားပြီနော် "

" အကို မှတ်ထားတာလား"

" အင်း စစတွေ့ကတည်းက အကို
ဂျီမင်းကို ‌ငေးကြည့်ခဲ့ရတာ "

ဂျောင်ကုစကားကြောင့် ဂျီမင်းစိတ်ဝင်စားပြီး မှောက်လျှက်အနေထားပြောင်းကာ ဂျောင်ကုရဲ့မျက်နှာကို သေချာကြည့်လိုက်သည်

No title 🌺Where stories live. Discover now