အခန်း ၁ zawgyi

1.5K 21 1
                                    

"ဝေး ငနီ တည့်တည့်သွားစမ်း"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ဝေး ငနီ တည့်တည့်သွားစမ်း"

ဖြောင်း

"ဟိုကောင် ဟဲ့ ငါကွာ"

ရွာအဝင်မြေနီလမ်းတစ်လျှောက်မှာ လှည်းကလေးတစ်စင်းဟာတရွေ့ရွေ့..

"ကိုဖိုးမြိုင် အသာလုပ်ပါကွယ် နွားနာပါ့မယ်"

"ကိုင်း မမညွှန်းရယ်၊ ဒီကောင်ကမလှန့်ရင် ပေကပ်ကပ်နိုင်တယ်ဗျ၊ ဒါနဲ့ပဲ လိုရာကိုရောက်တော့မှာမဟုတ်ဘူးကွဲ့"

အသက်လေးဆယ်အရွယ်ကိုဖိုးမြိုင်ရဲ့ အပြောကို မူနွဲ့နွဲ့မိန်းမသားတစ်ယောက်ဟာ ခပ်ထေ့ထေ့ကြည့်၏။ ရွာဦးကျောင်းဆီ ဆွမ်းချိုင့်ပို့ပြီးအပြန်မို့ လက်တစ်ဖက်ကလည်း စတီးချိုင့်ကို ကိုင်းမှဆုပ်ကိုင်ထားပါသေးသည်။

လှည်းအရှေ့မှထိုင်၍ ကြိမ်တုတ်ကြီးတကားကားဝေ့ရမ်းနေသူမှာ ကိုဖိုးမြိုင်ဖြစ်ပြီး အနောက်မှာတော့ ညွှန်းဆိုသူ မိန်းမပျိုတစ်ယောက်လိုက်ပါလာလေသည်။ ကိုဖိုးမြိုင်ဟာ ညွှန်းထက် ဆယ်နှစ်မကကြီးပေမဲ့ အလုပ်ရှင်ကိုလေစားသမှုနဲ့ "မ"တပ်ခေါ်ခြင်းဖြစ်၏။

"မမညွှန်း ကျုပ်တူကလိမ္မာရေးခြားရှိပါတယ်ဗျာ၊ နည်းနည်းပါးပါး အကြောင်းစပ်ကြည့်စမ်းပါ့"

"တော်ပါရှင်၊ ကျွန်မ စိတ်မဝင်စားဘူး"

"အဟေး မမညွှန်းကဖြင့် ငယ်တော့တာမဟုတ်၊ အခုချိန်ဆို ကျုပ်တူ မဟုတ်တောင် လက်တွဲဖော်ရှာဖို့အချိန်သင့်ပြီဗျ"

"ကိုဖိုးမြိုင် ရှင်ပြောတာရပ်မလား ကျွန်မလှည်းပေါ်ကခုန်ဆင်းလိုက်ရမလား"

"အမလေး မဆင်းလိုက်ပါနဲ့ဗျာ၊ တခုခုထိခိုက်မိလို့ မမလေးအဖေက ကျုပ်ကိုဆော်နေပါဦးမယ်"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now