အခန်း ၆၉ unicode

1.9K 191 6
                                    

"မငိုပါနဲ့ကွယ် တိတ်စမ်းပါ၊ ပြော တို့ ဘာလုပ်ပေးရမလဲ၊ ညွှန်းဆီသွားပြီး မင်းကိုယ်စားဒူးထောက်ပေးရမလား"

"ဒူးကတော့ ကျွန်တော်လည်းပါပါတယ်"

ဆေးခန်းပြပြီး အိမ်ပြန်ရောက်တော့ ဝါက ရောက်နှင့်နေလေပြီ။ လူကလည်း ဝါ့ရှေ့ကျမှ ဘာလို့ ပျော့ညံ့ချင်နေရသလဲမသိ။

နွေဦးကာလမို့ ပြတင်းအပြင်က လေတွေကြောင့် ဝါ့ဆံသားတွေဟာ တလွင့်လွင့်နဲ့ရယ်ပေါ့။ ယခင်က ကျောလောက်အထိရှိရှည်တဲ့ဆံပင်တွေကို အနည်းငယ်ဖြတ်ချထား၏။ ပါးပြင်မို့မို့မှာ သနပ်ခါးပါးပါးလိမ်းခြယ်ထားသည်။ ခပ်ပါးပါးနှုတ်ခမ်းကလေးဟာလည်း သဘာဝအတိုင်းကို စိုရဲနေပြန်သည်။

"အဲဒီထွန်းလှိုင်က လက်လျှော့မယ့်ပုံကိုမပေါ်ဘူး"

"ညွှန်းကလည်း စဉ်းစားပေးနေတယ်တဲ့လေ"

"အို ဒီလိုပြောတာပါပဲ၊ ညွှန်းက ဘယ်တော့မှ သူ့အပေါ်စိတ်ရှိခဲ့တာမဟုတ်ဘူးရယ်"

"ကဲပါ နေမကောင်းနေတာလေ၊ ထပ်မတွေးတော့ လှဲနေလိုက်ပါ၊ တို့ စောင့်ပေးမယ်"

"ပြန်တော့ဝါ၊ ညဉ့်နက်နေလိမ့်မယ်"

စံကားဝါဟာ မတ်တပ်ထရပ်ပြီးမှ ညွှန်းတို့ခြံထဲကြည့်ကာ အထိတ်တလန့်ဖြစ်သွားပုံရသည်။ ဟန်ပါ လှမ်းကြည့်မယ်လုပ်တော့ ပြတင်းကိုဆွဲပိတ်လိုက်၏။

"ဘာဖြစ်တာလဲ၊ ဘာရှိလို့လဲ"

"ဘာမှမရှိဘူးကလေး၊ လေတိုက်နေတော့ အအေးပတ်မစိုးလို့"

"ညွှန်းလား၊ ဘယ်သူနဲ့ရှိနေတာလဲ"

"ညွှန်းမလားလို့၊ ဟိုလူနဲ့မလား"

ဝါက ခေါင်းတဖြည်းဖြည်းညိတ်ပြရှာ၏။ ဟန် ကြေကွဲရမှာ၊ မျက်ရည်ကျမှာကို မလိုလားအပ်တဲ့အလား။

"အို မငိုပါနဲ့ကွယ်၊ ထပ်မငိုပါနဲ့"

"စိတ်ဖြေလက်ပျောက်ဖြစ်အောင် တို့ကိုသာရိုက်လိုက်စမ်းပါ့"

"တစ်ယောက်တည်းနေချင်တယ်"

"တို့ ပြန်ပေးပါ့မယ်၊ အရင်ဆုံး မျက်ရည်တွေသုတ်လိုက်နော်"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now