အခန်း ၄၄ unicode

2.8K 234 16
                                    

"ကဲ ဆင်းပါ၊ အကိုတက်ပါမယ်ပြောနေတာကို"

"ကျွန်တော်ဒီလောက်ကတော့ လုပ်နိုင်ပါတယ်ကိုမျိုးရဲ့"

မိန်းမယူမယ့်သူပဲ အပင်လောက်ကတော့ တက်နိုင်ဦးမှမဟုတ်လား။ ကိုမျိုးကအပင်အောက်ကနေ အတော်ကိုပူပန်နေရှာသည်။ ကိုထွန်းကပါ တားပါသော်လည်း ဟန်ခေါင်းမာချက်က ဘယ်သူမှမမှီ။

"ခင်ကြိုက်ရင်ပြောပါ၊ နောက် လာပို့ပေးမှာပါ့"

တစ်ခက်ချင်းခူးပြီးအောက်ကိုပစ်ချတော့ မြေမခမှီ ကိုမျိုးကဖမ်းပေးသည်။ ကိုမျိုးအဖြစ်ကလည်း ကြာလာတော့သနားစရာ။

"ညွှန်းဖို့လေ"

ညွှန်းဆိုတဲ့အသံကြားတော့ ကိုထွန်းက အပင်အောက်ရောက်လာ၏။ ပြောမိတာတောင် မှားသည်။

အပင်ကယိမ်းခနဲနေတာကြောင့် ငုံ့ကြည့်မိတော့ ကိုထွန်းက ခါးတောင်းကျိုက်ကာ တက်လာနေသည်။ ကန်ချမိတော့မယ့် ခြေထောက်ကို မနည်းထိန်းနေရ၏။

"ဘာလာလုပ်တာလဲကိုထွန်း"

"အကိုလည်း ကူမလို့လေ၊ အကို့ကိုယ်စား ပေးပေးပါဦး"

ဒီလူ ဇွဲအတော်ကောင်းလွန်းသည်။ အမကေသွယ်တို့ပြောပုံအရ ညွှန်းကိုပိုးနေတာ နှစ်တွေလည်း မနည်းတော့ဘူးတဲ့လေ။ ဟန် စောင့်စားရတဲ့ နှစ်လကျော်ကတောင် နှစ်နှစ်လောက်ခံစားနေရရင် သူဘယ်လိုမျှော်လင့်ချက်မျိုးနဲ့ စောင့်နေတယ်မတွေးတတ်ပေ။

"ရပြီလေ၊ ကိုထွန်း များနေပြီ"

"အကို သက်သက်ပေးမလို့ပါ"

"ဆင်းခဲ့ကြတော့ဟ၊ ကိုင်းက နှစ်ယောက်အားနဲ့ ညွတ်ကျနေပြီ"

"ရပ်ဦး ရပ် ရပ် ကိုဖိုးမြိုင်"

ရင်းနှီးနေတဲ့အသံပိုင်ရှင်မှာ မောင်ချစ်ရတဲ့ ပုလဲလေ။ ခြင်းတောင်းလည်းပါတာမို့ စျေးအပြန်ဖြစ်မည်။

ထိုင်ရင်းကနေ ဟန့်ကိုမြင်တော့ လှည်းပေါ်က ပြေးဆင်းလာ၏။ အခါတိုင်းမနည်းဆင်းရတဲ့သူမ ဘယ်လိုသတ္တိတွေကြောင့် ခုန်ဆင်းတယ်ရယ်မသိ။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now