အခန်း ၃၅ zawgyi

520 14 0
                                    

"ပုလဲ"

ဟန်က ဘောင်းဘီအိတ်ထဲမှ ဘူးအနီလေးကိုထုတ်ပြ၏။ ဒါ သူမဖို့ ရည်ရွယ်ပြီးဝယ်ခဲ့တာလေ။ သော့အိမ်ပုံလော့ကတ်သီးကလေးနဲ့ ရွှေဆွဲကြိုးလေးတစ်ကုံး။ မြင်တော့ အံ့ဩသွားဟန်။

"ပုလဲအတွက်လေ"

"အို မယူချင်ပါဘူး"

စောင့်ဆိုင်းမနေတော့ပါဘဲ ရွှေလည်တိုင်ကို နမ်းရှိုက်လိုက်သည်။ သွေးကြောစိမ်းကလေးတွေက အထင်းသား။

"ယူပါ"

နောက်ပြီး ဟန်က သူ့အင်္ကျီအတွင်းဆွဲထားတဲ့ ဆွဲကြိုးကိုထုတ်ပြ၏။ ထိုကတော့ သော့ပုံလော့ကတ်ကလေးနဲ့ပေါ့။

"တွေ့သလား"

"လှလွန်းလိုက်တာ"

"သဘောကျရဲ့လား"

"အများကြီးသဘောကျပါတယ်"

ဟန်ဟာ သူမ နဖူးနားဝဲကျနေတဲ့ ဆံသားတွေကို လက်နဲ့ညင်ညင်သာသာဖယ်သည်။ ပြီးမှ နဖူးကို အသာအယာနမ်း၏။

ဆွဲပေးဖို့ ကြိုးချိတ်ကိုဖြုတ်တော့ ညွှန်းက အလိုက်တသိ သူမဆံသားများကို လက်နဲ့စုစီးပေးထားပါသည်။

"လှသွားပြီ"

"ဘယ်တုန်းကဝယ်လိုက်လဲ၊ သိတောင် မသိလိုက်ရဘဲ"

"ကားယူပြီးအပြန်လေ၊ အစက ညွှန်းအတွက်ပဲရည်ရွယ်ထားတာ၊ ဟောဒီလိုလေး ယှဉ်တွေ့တော့ မနေနိုင်ဘဲ နှစ်ခုလုံးယူလာတာပေါ့"

ညွှန်းဟာ ပြတင်းကနေကျော်၍ သူမအခန်းဆီကြည့်သည်။ တော်တော်ကြာစိုက်ကြည့်နေပါ၏။

"ကျွန်မတော့ မောင်မောင့်ကို ဆုချရတော့မယ်ထင်ပါရဲ့ကွယ်"

ထိုစကားကို သက်ပြင်းတိုတိုးချကာပြော၏။ မသိရင် ဒီဆွဲကြိုးကလေးကပဲ သူမဘဝကို ချုပ်နှောင်ထားတော့မလို။

"ဘယ်လိုချမလဲ"

"ဟောဒီလို"

သူမဟာ ဟန့်ပေါင်ပေါ်ကနေ ကုတင်ပေါ်လှဲချ၏။ ပြီးတော့ လက်မောင်းကိုလည်း ပုတ်ပြနေပါသေးရဲ့လေ။

"လာ လှဲ"

"လေးတယ်နော်"

"လာစမ်းပါ့ကွယ်၊ စံကားဝါဆို ကျွန်မလက်မောင်းပေါ်အိပ်နေကျ"

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now