အခန်း ၂၆ unicode

2.9K 245 2
                                    

ရင်ခွင်ထဲက အမျိုးသမီးကို မြတ်မြတ်နိုးနိုးပွေ့ဖက်ထားမိသည်။ ချစ်လိုက်ရတာဆိုတာ ဘယ်အရာနဲ့နှိုင်းပြောရမှန်းတောင်မသိတော့။

ညွှန်းဆံသား ပျော့ပျော့ကလေးတွေကို ဖွဖွတို့ထိလိုက်၏။ နားသပ်စပ်နားက ဆံစလေးတွေကို သပ်တင်ပေးတော့ ရင်ခွင်ထဲ ပိုလို့တောင် တိုးဝင်လာပါသည်။

"အပြိုင်အဆိုင်ဖူးစာဆိုတဲ့ သီချင်းတောင်သတိရမိသားကွယ်"

"လားရှိုးသိန်းအောင်လား"

"ဟုတ်ပါ့ရှင်၊ ကျွန်မတော့ အောင်ရင်နဲ့မီမီဝင်းဖေဆိုတာ ပိုနားထောင်ဖြစ်တယ်၊ ကျွန်မက အောင်ရင့်အသံကိုသိပ်ကြိုက်တာရယ်"

စိတ်ဝင်တစားပြောနေတဲ့ ညွှန်းကို ငေးမောနေမိသည်။ သူ့ကို သီချင်းတွေဘာတွေ နားထောင်တတ်လိမ့်မယ်လို့ထင်မထား။

ဟန်က ညွှန်းရဲ့ကျောပြင်ကို အသာပုတ်သည်။ နောက်ပြီး လက်ကလေးကို ကောက်ကိုင်လိုက်၏။

"တော်ပြီလေ၊ ကိုဖိုးမြိုင်တို့မြင်သွားမယ်"

"ကျွန်တော် သိပ်ကံကောင်းတယ်"

ဖြေလွှတ်ပေးလိုက်ပြီး ပါးပြင်လေးတွေကို တို့ထိမိသည်။ ညွှန်းက အခါတိုင်းလို မျက်လွှာမချတော့။

"ကျွန်မအဝတ်လဲဦးမယ်"

"ကျွန်တော်ဒီကစောင့်မယ်နော်၊ ဖြည်းဖြည်းသာလုပ်"

ခေါင်းညိတ်ပြပြီး ထွက်ခွါသွားတဲ့ကျောပြင်ကလေးကို မျက်စိတဆုံးလိုက်ငေးမိသည်။
ကိုထွန်းလှိုင် ညွှန်းကိုတမ်းတမ်းဆွဲဖြစ်နေရသည်ကို နားလည်လာပါ၏။ မိန်းမချင်းတောင်ချစ်မိလောက်အောင်အထိ ညွှန်းပုလဲသွယ်က ညှို့နိုင်လွန်းတယ်လေ။

ရှေ့ကပွင့်လက်စ နှင်းဆီပင်ကလေးကို မြင်မိတော့ ငုံ့ပြီးရှုရှိုက်မိ၏။ ဟန်လည်း ညွှန်းတစ်ယောက်ကြောင့် ပန်းကလေးတွေကို ချစ်တတ်လာလေပြီ။ မောင့်ပုလဲကတော့ မောင်အမြတ်နိုးရဆုံး ပန်းကလေးပေါ့။

"အမယ်"

"ဝါ"

"မိန်းမတွေဆန်နေ"

ရိသဲ့သဲ့ပြောနေတဲ့ စံကားဝါ့ပခုံးကို ဟန်က ဖက်ခနဲရိုက်၏။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now