အခန်း ၆၂ zawgyi

377 12 1
                                    

"ပိုင်က စထိုးတာတဲ့"

"ဟုတ်၊ ကျွန်တော်သိပါတယ်"

"စိတ်ပျက်ဖို့ကောင်းလိုက်တာကွယ်၊ လွန်းဘိုသာမရှိတော့ရင် ရွာ အတော်လေးအေးချမ်းသွားမှာ"

"အဲဒီကို ညွှန်း ဘယ်တုန်းကတည်းကရောက်နေလဲ"

အဝတ်ဗီဒိုကိုသုတ်နေတဲ့ ညွှန်းလက်များ ရပ်သွားသည်။ ဘာမှမရှိ၊ ပြောင်ရှင်းနေတဲ့ဟာကို ဇွတ်လိုက်ရှင်းလင်းပေးနေ၏။ ညွှန်းက အတော်ကို အလုပ်လုပ်နိုင်လွန်းတဲ့ အမျိုးသမီးရယ်လေ။ အဝတ်စုတ်ကို ကြမ်းပေါ်ပစ်ချပြီး ပြတင်းနားသွားရပ်ကာ အသက်ပြင်းပြင်းရှူသည်။ ထို့နောက် ဟန့်ပေါင်ပေါ်လာထိုင်ပါ၏။

"ပိုင့်ကိုပြောစရာရှိလို့လေ၊ သူ မနက်ကဆိုင်ကိုလည်း ရောက်လာသေးတယ်၊ ကျွန်မ အရီးမယ်ရီဆီရောက်တော့ ရိုက်ပုတ်နေကြလေရဲ့ရှင်၊ လူကို ပြေးဆွဲလိုက်ရတာ ကိုင်လာတဲ့ ဖုန်းပါလွတ်ကျကွဲတယ်"

"ပိုင်ကဘာလာလုပ်တာလဲညွှန်း"

"အို ဘာရှိရမလဲ မုန့်လာဝယ်တာပေါ့ကွယ်၊ ထူးထူးဆန်းဆန်းတွေသိပ်ကိုမေး"

လွှမ်းပေးတဲ့ Bluetooth speaker ကို ဟန်က အခန်းထောင့်စားပွဲပေါ်မယ် တင်ထားသည်။ အဲဒီဘေးမယ်လည်း သီချင်းတွေထည့်ထားတဲ့ USBပိစိလေးတွေရှိပါသေးသည်။ ပြီးတော့ ဖန်ပန်အိုးလေးတစ်အိုး။ ဟန်တောင်ဂရုစိုက်စရာမလိုပါဘဲ ညွှန်းက အမြဲ ပန်းလာလှယ်၊ ရေလာလှယ်ပေးသည်။

ခပ်သဲ့သဲ့ကြားနေရတဲ့ "အခုတော့ ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ကျန်ခဲ့ပြီ" ဆိုတဲ့သီချင်းက ဆွေးမြေ့ဖွယ်။ တေးရေးဆရာနိုင်မြန်မာက ချစ်သူနှစ်ဦးသေကွဲ ကွဲကြရပုံကို လှပစွာ ပုံဖော်သီကျူးထားသည်။ နောက် သူရေးတဲ့ တူနှစ်ကိုယ်တိုင်းပြည်တို့ တခုသောမိုးဥတု၏တနေ့သ၌တို့ ဆိုတာကလည်း အကောင်းတကာ့အကောင်းဆုံးတေးတွေပင်။

ရေပြာလှိုင်းကမ်းခြေဆီ မြေနီလမ်းကလေးကိုဖြတ်လျှောက်ခဲ့သည် နေခြည်ရောင်ဝါခြုံလွှမ်းသည်..

ချစ်ရတဲ့ပုလဲက တိုးတိုးလိုက်ညီးသည်။ ဆွေးဆွေးမြေ့မြေ့နေတတ်တဲ့ ညွှန်းဟာလည်း ထိုသီချင်းနဲ့လိုက်သယောင်။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now