အခန်း ၂၇ zawgyi

509 11 0
                                    

"လုပ်ကြဟေ့ တော်နေ ဧည့်ဝတ်မကျေဘူးရှိမယ်"

"ဟုတ်ကဲ့အဘ၊ ဒါပြီးရင်ပြီးပါပြီ"

"ဟဲ့ ငါ့သမီးခိုင်ရွှေမာ၊ တို့ရွာ ယိမ်းအဖွဲ့တွေ လူစုံပလား"

"စုံပြီအဘရေ၊ ရွာသစ်လေးက မော်မော်တို့ပဲကျန်တော့တယ်"

တမာရိပ်ရွာမှာ ပင်တိုင်မဏ္ဍပ်မလုပ်တာ ခြောက်နှစ်တောင်ရှိခဲ့ပြီမို့ သူကြီးဦးရွှေကျိုက်က ပူပန်နေပုံပေါ်၏။ မှာပြီးသားတွေကိုလည်း သုံးလေးခါတောင်ပြန်မှာနေလို့ ဟန်တောင် နားတွေပူလှပြီ။
ဒါပေမဲ့ အနားမှာထိုင်နေတဲ့ ယိမ်းသမလေးကြောင့် အမောပြေရသည်။ မိတ်ကပ်ပါးပါးပုတ်ထားတာမို့ အခါတိုင်းထက် ကြည့်ရတာ ပိုဆန်းသစ်နေလေ၏။ နှုတ်ခမ်းပါးလေးတွေကိုလည်း ခြယ်သထားသေးသည်။ ဟန့်မှာ ရူးမတတ်ပင်။

"ဘောက်တွေပြန်စစ်စမ်းဦး ငထွန်း"

"ရေဘူးတွေလိုက်ဝေကြဟေ့"

စုပေါင်းမဏ္ဍပ်က ရွာလယ်မှာရှိ၏။ ကလေးလူကြီးပေါင်းစုံဆိုတော့ စည်ကားလှသည်။ မဏ္ဍပ်အနောက်မှာ ယိမ်းအဖွဲ့တွေ အနားယူဖို့ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပါ၏။ စားစရာ အသုပ်၊ အအေးတွေကအစ သူကြီးကိုယ်တိုင်စီစဉ်ပေးသည်။ နားတဲ့ဆီ နေကပူပူနဲ့ အပေါ်ကမိုးထားတဲ့ အကာ သာမပါရင် မလွယ်။

"ရေသောက်ဦး မောင့်ပုလဲ"

"ကျေးဇူးကွယ်"

"ပူနေလား၊ ကျွန်တော်ယပ်တောင်ပြေးယူဦးမယ် ခဏ"

"ထိုင်ပါဟန်ရယ်၊ ကျွန်မထက် ရှင်က ပိုဆိုးနေရဲ့"

ပြန်ထိုင်လိုက်ပြီး အိတ်ထဲက တစ်ရှူးကိုထုတ်လိုက်သည်။ ထို့နောက် ခေါက်ချိုးချိုးပြီး ညွှန်းရဲ့ ချွေးစို့နေတဲ့လည်တိုင်ကလေးကို သုတ်ပေးရ၏။ ကျော့မော့နေတဲ့ မောင့်ပုလဲကို ဘာနဲ့နှိုင်းရမှန်းတောင်မသိတော့။

"အရှေ့ကျတယ်မလားစံကားဝါ"

"အစီအစဉ်(၄)လို့တော့ ပြောတာပဲ"

ညွှန်းကလွဲပြီး အားလုံးက ဆံပင်တွေကို တစ်မျိုးစီပုံဖော်ထားကြသည်။ ညွှန်းကတော့ သူပီပီ ဖြေသာချထား၏။ လူအလစ် ဒီဆံသားလေးတွေကို ခိုခိုးနမ်းရှိုက်ရတာလည်းအမော။

ချစ်ပါရစေ ပုလဲသွယ်Where stories live. Discover now