Chapter 3

760 142 0
                                    

🧝Chapter 3

ဤနေရာတွင် မျိုးရိုးတူသောသူများ လက်ထပ်ခြင်းကို တားမြစ်မထားပါချေ။ထို့အပြင် မြောင်ယွမ်၏ မိသားစုသည် ပညာတတ်မိသားစုဖြစ်သော်လည်းစာသင်ရာတွင် ကုန်ကျစရိတ်များသောကြောင့် စီးပွားရေး အခြေအနေမှာ သိပ်မကောင်းပေ။မြောင်ဟယ်၏ မိသားစုထဲတွင် မြို့ပေါ်ရှိ လဖက်ရည်ဆိုင်၌ အလုပ်လုပ်နေသော သူတစ်ယောက်ရှိသည်။ သူ့တွင် အဆက်အသွယ်များစွာရှိပြီး ဟင်းသီးဟင်းရွက်နှင့် ကောက်ပဲသီးနှံများမှာ ဈေးကောင်းရတာမို့ သူတို့၏ စီးပွားရေးအခြေအနေသည် အတော်အသင့်အခြေအနေထက်ပင် ပိုကောင်းသည်ဟု ဆိုနိုင်၏။

အကယ်၍  မြောင်ယွမ်က မြောင်ဟယ်နှင့် လက်ထပ်လိုက်မည်ဆိုပါလျှင် မြောင်ဟယ်၏ မိသားစုဆီမှအကူအညီကိုရယူနိုင်သည်။ထို့အပြင် အနာဂတ်၌ သူ၏ကလေးများသည်လည်း စာလေ့လာရာတွင် ငွေရေးကြေးရေးကိစ္စအတွက် စိုးရိမ်စရာမလိုတော့ပေ။‌‌ မြောင်ဟယ်၏ မိသားစုများအနေနှင့်လည်းပညာတတ်နှင့် လက်ထပ်ရခြင်းသည် အလွန်ကောင်းမွန်လှသည်။ မိသားစုနှစ်ခုသည်လည်း အနေနီးစပ်ကြ၏။

ငယ်ရွယ်သူများကသာ တစ်ယောက်နှင့်တစ်ယောက်စိတ်ဝင်စားလျှင် လူကြီးများကလည်း များစွာကန့်ကွက်ကြမည်မဟုတ်ချေ။ တစ်ခါတစ်ရံ လူကြီးအချင်းချင်းစကားပြောရာတွင်လည်း သူတို့အကြောင်းများပါထည့်‌ပြောတတ်ကြ၏။ သို့သော် မကြာသေးမီက မြောင််ဟယ်၏ အဘိုးသေဆုံးခြင်းကြောင့် သူ၏မိသားစုသည် သားသမီးဝတ္တရားအတိုင်း လက်ထပ်ဖို့အတွက် တောင်းရမ်းလာမည့်သူကို ရှာနေကြသည်။
[T/N မြောင်ဟယ်ရဲ့ အဖိုးဆုံးသွားတော့ အမွေခွဲတာဘာညာတွေနဲ့ရှုပ်ကုန်ကြတာထင်ပါတယ်။ပြီးတော့ မြောင်ဟယ့်ကိုလည်း အိမ်ထောင်ချပေးဖို့ စီစဉ်လိုက်ကြတယ် အဲ့လိုမျိုးပါ...]

အတွေ့အကြုံမရှိသေးသော ကျောင်းသား တစ်‌ယောက်အနေဖြင့် မြောင်ယွမ်သည် ထုံရှန်း စာမေးပွဲအား မအောင်မြင်ခင် အချိန်တုန်းက မြောင်ဟယ့်အပေါ် မထီမဲ့မြင် မပြုဝံ့ပါပေ။ သို့သော် ယခုတွင် မြောင်ဟယ်၏ အရှုပ်တော်ပုံများနှင့် ဝေးကွာစေရန် မြောင်ယွမ်အား မြို့သို့ပို့ကာ ပညာသင်ကြားစေမည့် နည်းလမ်းအား ရှာတွေ့ခဲ့ကြ၏။ ထို့နောက် သူ၏စေ့စပ်ပွဲအကြောင်း ကောလဟာလများ ထွက်လာ၏။‌ မြောင်ယွမ်၏ မိသားစုက ဘယ်လောက်ပဲ ငြင်းနေပါစေ ရွာသူရွာသားတွေက သူ့ကို အထင်သေးနေကြဆဲပင်ဖြစ်သည်။
သို့သော်လည်း မြောင်ဟယ်က မြောင်ယွမ်ထက်အရင် စောစီးစွာလက်ထပ်ခဲ့သည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now