Chapter 7

643 141 6
                                    

🧝Chapter 7

သက်ပြင်းချ၍မဆုံးလိုက်ခင်မှာပင် ရန်သာ့လန်မှာ မည်း​မှောင်နေ​သောမျက်နှာဖြင့်ပြန်​ရောက်လာသဖြင့် သူနားမလည်ဖြစ်သွားမိသည်။

​မြောင်မင်၏ခပ်တိုးတိုးစကားသံများကို ကြားသွား၍​ပေလား၊

​မြောင်ဟယ် သတိနှင့်​တွေးလိုက်မိသည်။

သူကဂရုတစိုက်ဖြင့်အကြည့်ကို​ရှောင်လွှဲလျက်
ရိုးအဟန်ဖြင့်ဆိုလိုက်သည်၊

"အစ်ကိုမင်ကို မမုန်းပါနဲ့၊ သူက ကျွန်​တော့်ကိုကူညီချင်​နေရုံပါ၊"

ပြီး​တော့ဤသည်မှာ ​မြောင်ယွမ်ကို​တွေ့ရသည်မှာ ပထမဆုံး​နှင့်​နောက်ဆုံးအကြိမ်လည်းဖြစ်သွားနိုင်သည်၊ သူကယုံကြည့်မှုရှိစွာပင် တဖြည်းတဖြည်းချင်းရှင်းပြ​နေလိုက်သည်။

"ဟွန်း လူတိုင်း ကျွန်​တော့်ကိုအပြစ်လုပ်ထားတဲ့သူလို တီးတိုးအတင်း​တွေ​ပြောကြတယ်၊ဒါ​ပေမယ့် ကျွန်​တော်လုပ်ခဲ့သမျှက ကျွန်​တော့်ကိုကျွန်​တော် တရားမျှတမှုရှာ​ဖွေ​ပေးချင်ခဲ့ရုံပဲ ​မြောင်ယွမ်က ​ကောင်းကင်ကို​မော့ကြည့်ပြီး ကျွန်​တော့်ကို သစ္စာမ​ဖောက်ခဲ့ဘူးလို့ ကျိန်ရဲသလား၊ သူ ကျွန်​တော့်ကို ဘယ်လိုရယ်စရာ အ​ကြောင်းပြချက်​တွေများ​ပေးနိုင်မလဲလို့ ကျွန်​​တော်သွားရှာခဲ့တာ"

သူမှားယွင်းခံရသည်တို့ကိုထုတ်​ပြောပြီးသည့်​နောက်
​မြောင်ဟယ်မှ တခြားဘာကိုမှမ​ဆို​တော့ပဲ တိတ်ဆိတ်​နေခဲ့သည်၊ ထို့​နောက်တွင် ​ခေါင်းကို​ငုံ့လျက် အိမ်ထဲတိတ်တဆိတ်ပင်၀င်သွားခဲ့​လေသည်။

သို့​သော် သူ​ခြေလှမ်းအများကြီးပင် မလှမ်းရ​သေးခင်
သူ၏​နောက်​ကျောမှာ ​ချွေးနံ့တချို့ဖြင့်ကျယ်​ပြန့်ကာပူ​နွေး​သော ရင်အုပ်ဖြင့်ဖက်တွယ်လိုက်ခြင်းကိုခံလိုက်ရ​လေသည်၊ သူကရုန်းဖယ်​သော်လည်း
မရ​သောအခါ က​လေးငယ်ကဲ့သို့ပင် ​ရှေ့သို့မျက်နှာချင်းဆိုင်လျက်ရန်​တွေ့ရန်ပြင်လိုက်သည်။

သို့​သော်သူဘာမှမဆိုနိုင်ခင် ရန်သာ့လန်၏ သြရှရှဖြင့် ​နွေး​ထွေး​သောအသံကိုကြားလိုက်ရ​လေသည်၊

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now