Chapter 12

358 77 1
                                    

🧝Chapter 12

ရန်သာ့လန်ရှာ​ဖွေ​နေ​သော ​ဆေးပင်အများစုမှာ
ပန်းပင်များဖြစ်​နေခဲ့သည်။ ကျားသစ်နှင်းပန်း တရုတ်​ခေါင်း​လောင်းပန်းနှင့် နံနံပွင့်၀ါတို့အပါအ၀င်၊
ကျားသစ်နှင်းပန်းအပြင်ကိုလိ​မ္မော်နီ​ရောင် ငါးပွင့်ပန်းကဲ့သို့ ခရမ်း​ရောင်ခြယ်ကာ အိမ်စည်းရိုးတွင်စိုက်ပျိုးပါက အလွန်ကြည့်​ကောင်းမည့်ပန်းပင်တချို့ကိုလည်း​တွေ့ခဲ့သည်၊ ထို့အပြင်ဤပန်းများမှာ ​ဆေးဖက်၀င်ရုံသာမက အ​ခြောက်လှမ်းလျက် အမှုန့်ဖြစ်သည်အထိ ​ထောင်းကာ မျက်နှာ​ချေအဖြစ်လည်း အသုံးပြုတတ်ကြသည်ပင်၊

​ခေါင်း​လောင်းပန်း၏အရွက်များကိုလည်း ဟင်းအဖြစ်စားသုံးနိုင်​သေးသည်။

ထိုပန်းများမှလွဲလျှင် တခြား​ဆေးဖက်၀င်အပင်များကိုရှာ​ဖွေရသည်မှာ​ခေါင်း​ပေါ်သို့သံရိုက်ရသလိုပင်။

ရှာ​တွေ့ခဲ့သည့် တစ်ခုတည်း​သော အပင်မှာ
​ခေါ့​နော့စစ်​ခေါ် သူဆင်းရဲဂျင်ဆင်းဟုအသိများကြသည့် ဂျင်ဆင်းနှင့်တူ​သောအာနိသင်ရှိသည့်အပင်တစ်မျိုးသာဖြစ်သည်။သစ်ပင်များထူထပ်၍အရိပ်ရ၍​ခြောက်​သွေ့​သောပါတ်၀န်းကျင်
ကထိုဂျင်ဆင်းတုပင်များကို​တောင်​ပေါ်အနှံ့တွင်ပျံ့ကျဲလျက် ​ပေါက်​ရောက်​နေ​စေခဲ့​လေသည်၊

သို့​သော် တစ်ပင်မျှရှာ​ဖွေ​တွေ့ရှိရန်ပင် အမြင်အာရုံ​ကောင်း​ကောင်းဖြင့် အာရုံစိုက်ကြည့်ရှူရန်လိုအပ်ပေသည်။ ဂျင်ဆင်း​လောက်အထိ​တော့အစွမ်းမထက်​သော်လည်း ၄င်းတွင် အ​​တော်​လေးသိသာသည့်ကုသနိုင်စွမ်းနှင့်ချီကိုအားဖြည့်နိုင်စွမ်းလည်းရှိကာ
အဆုတ်ကိုလည်းအား​ကောင်း​စေသည်။

လက်ထဲတွင် တူးပြီးလက်စ ဂျင်ဆင်းတုများကိုကြည့်ကာ​ရောင်းရမည့်​ငွေကိုတွက်ဆကြည့်ရင်းပင် ​မြောင်ဟယ်မှာ ​ညောင်းညာကိုက်ခဲမှုများယူပစ်သလို​ပျောက်သွားသည့်နှယ်၊

သူက၀မ်းသာအားရဖြင့် ရန်သာ့လန်ကို​ပြောရန်ပါးစပ်ကိုဟလိုက်မိစဥ်မှာပင် ရန်သာ့လန်မှာသတိအ​နေအထားနှင့်ပါတ်၀န်းကျင်ကိုစူးစမ်း​နေပြီး နှုတ်ခမ်းတွင် လက်ညှိုးဖြင့်​တေ့ကာ တိုးတိုးဟူ​သောအမူအယာပြလာသည်ကိုမြင်လိုက်ရ​လေသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now