Chapter 9

722 126 4
                                    

🧝Chapter 9

​မြောင်ဟယ်သည် ​ကြောင်များက ဆလတ်ရွက်များကိုစားမစားမ​သေချာခဲ့​သေည်လည်း ၄င်းမှာ ထိပ်တန်းအရည်အ​သွေးရှိ​သော အရွက်များဖြစ်၍လားမသိ
​ကြောင်က​လေးမှာသူ၏​ရှေ့မှ လတ်လတ်ဆတ်ဆတ်ဆလတ်ရွက်အားတရှုံ့ရှုံ့အနံ့ခံကြည့်ပြီး​နောက်
​ပျော်​ပျော်ရွှင်ရွှင်ပင် စ၀ါး​တော့သည်။

ည​နေခင်းအချိန်တွင်တစ်စုံတစ်​ယောက်က တံခါး၀မှလှမ်း၍​အော်လာ​သော် ရုတ်တရက်မို့ ​မြောင်ဟယ်အနည်းငယ်ပင်လန့်သွားခဲ့ရသည်။

အာ..ကြည့်ရတာ မူလကိုယ်ရဲ့အ​မေထင်တယ်

"အစ်ကိုဟယ် ရှိ​နေလား၊ အားနျန်ရယ် လာလည်တယ်"

တစ်ဦးအိမ်သို့တစ်ဦးလာလည်သည်ကပုံမှန်ကိစ္စပင်ဖြစ်​သော်လည်း နှစ်ဦးနှစ်ဖက်လုံး၏​ယောက္ခမများက​တော့ အိမ်ကိုလာလည်နိုင်ခြင်းမရှိ​ချေ။ အ​ကြောင်းမှာ သူတို့ကအိမ်​ထောင်ရှိအမျိုးသမီးများဖြစ်သလို သူများအိမ်​ထောင်​ရေးကိုလည်း ၀င်စွပ်ဖက်၍မရ​သော​ကြောင့်ဖြစ်သည်။

​မြောင်ဟယ် မည်သည့်မ​တော်တဆမျိုးကိုမှမဖြစ်​စေလို၍ ​နောက်​ဖေးကွက်လပ်ကို​​သေချာရှင်းလင်းပြီးမှသာ အိမ်​ရှေ့သို့အသာထွက်သွားလိုက်သည်။

အိမ်​ထောင်မပြုခင်ကလီ​ကျောက်တိဟု​ခေါ်​သော ​မြောင်ဟယ်နျန်နှင့် ​ဒေါ်​လေး​ကျောက်တို့မှာ တံခါး၀တွင်ရပ်​နေခဲ့ကြသည်။

တံခါးကိုဖွင့်ဖွင့်ချင်းတွင် ​မြောင်ဟယ်ခံစားလိုက်ရသည်မှာ ​မြောင်ဟယ်နျန်၏သူ၏တစ်ကိုယ်လုံးကိုအစုန်အဆန်စစ်​ဆေး​နေသည့်​လေဆာမျက်လုံးများပင်၊ ထိုကဲ့သို့ ​ခပ်ရိုင်းရိုင်းအပြုအမူမျိုးကိုမျက်​တောင်တစ်ချက်​လေးမှမခတ်ပဲပြုမူသွားပြီး​နောက် မ​ပြောမဆိုနှင့်ပင် သူ၏​ဘေးမှပင်ဖြတ်၍အိမ်ထဲကို၀င်သွားခဲ့သည်။ သူ့အားတစက်​လေးမှခွင့်​တောင်းခြင်းမရှိပဲ ​နောက်​ဖေးကွက်လပ်တွင်​​ခြေချလျက် မ​ကျေမနပ်​လေသံဖြင့်ပင်ဆိုလာခဲ့သည်။

"ဘာ​တွေအလုပ်များ​နေလို့ မင်းရဲ့အားနျန်လာတာ​တောင်တံခါးမဖွင့်​​ပေးနိုင်ဖြစ်​နေရတာလဲ"

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now