Chapter 4

739 141 2
                                    

🧝Chapter 4

မြောင်ဟယ်က ထိုအရာလေးအား ရှင်သန်နေသော မြေဆီလွှာဟု ခေါ်သည်။ ထိုအရာက မော်ဒန်ခေတ်မှာကတည်းက မြောင်ဟယ့်ဆီတွင်ရှိနေခဲ့သည့် အံ့ဩဖွယ်ရာလေးပင် ဖြစ်၏။ ဤမြေစိုင်ခဲလေးက ပထမတွင် မြောင်ဟယ်၏ အိပ်မက်ထဲ၌ နှစ်ပေါင်းများစွာကြာအောင် ပေါ်လာခဲ့သည်။ အချိန်ကို အတိအကျမမှတ်မိသော်လည်း တစ်ခါက သူထိုအကြောင်းကို ပြန်တွေးကြည့်လိုက်မိသောအခါတွင် ထိုမြေစိုင်ခဲလေးမှာ သူ၏ လက်ဖဝါးပေါ်၌ မှော်ဆန်စွာပင် ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်တုန်းကမြောင်ဟယ်သည် အင်တာနက်ပေါ်တွင် စိုက်ပျိုး‌ရေးလုပ်ရာ၌ ရွှေလက်ချောင်းပိုင်ဆိုင်ထားသော ဝတ္ထုအချို့ကို ရှာ၍ဖတ်ခဲ့သည်။ သူက အလွန်စိတ်လှုပ်ရှားခဲ့ရပြီး ထိုအလုံးလေး၏ လုပ်ဆောင်ချက်များကို တိတ်တဆိတ် စတင်လေ့လာခဲ့သည်။ ထိုအလုံးလေးမှာ တစ်လုံးတည်းရှိတာကတော့ နှမြောစရာပါပင်... တစ်ခါက မြောင်ဟယ်မှာ ထိုအလုံးလေးအား ပန်းအိုးထဲတွင် မြှုပ်ရန်ကြိုးစားခဲ့ရာ ထိုအလုံးလေးသည် မြေဆီလွှာထဲ၌ ပျော်ဝင်သွားပုံရပြီး လုံးဝ ပြန်ရှာမတွေ့တော့ပါချေ။ မြောင်ဟယ် ခံစားနိုင်သမျှကတော့ ပန်းအိုးထဲက စွမ်းအင်အများအပြားကိုပင်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးအနေနဲ့ သူလုပ်ဆောင်နိုင်တော့တာကတော့ ထိုပန်းအိုးကို အသုံးပြုပြီး အပင်များကို စိုက်ပျိုးဖို့ပင်ဖြစ်သည်။

သို့ရာတွင် မြောင်ဟယ်၏ ဦးတည်ချက်က မှန်ကန်ခဲ့သည်ဟု ဆိုရပေမည်။

ရာသီဥတု၊ ပတ်ဝန်းကျင် နှင့် မည်သည့်ရာသီတွင်မဆို...ထို့အပြင် အခြားအခြေအနေများ မည်သို့ပင်ဖြစ်‌နေစေကာမူ ဟင်းသီးဟင်းရွက် သို့မဟုတ် အသီးပျိုးပင်ငယ်များအား ဤပန်းအိုးထဲမှ မြေဆီလွှာကိုယူ၍ စိုက်ပျိုးထားသရွေ့ တစ်နေ့တည်းတွင် ရင့်မှည့်လာသည်ကို မြောင်ဟယ် ရှာဖွေတွေ့ရှိခဲ့ရသည်။အသီးများနှင့် ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ပြီးသည့်နောက်တွင်လည်း အသစ်များပြန်လည်ထွက်‌ပေါ်လာမည့်အချိန်မှာ တိုတောင်းလှပါ၏။ အပင်မျိုးစိတ်အလိုက် အချိန်အပိုင်းအခြားမှာ ကွဲပြားခြားနားပြီး တချို့အပင်များမှာ မိနစ်အနည်းငယ်သာ ကြာတတ်သော်လည်း တချို့မှာ နာရီအတော်ကြာအောင် ကြာတတ်သည်။ ထိုအရာက ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် မိုဘိုင်းဂိမ်းနှင့်တူပြီး အတော်လေးကို မှော်ဆန်လှပေသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now