Chapter 8

621 146 2
                                    

🧝Chapter 8

ရန်သာ့လန်အိမ်တွင်းသို့​ခြေချလိုက်စဥ်မှာပင်ကြံရမရ​သော ​မြောင်ဟယ်မှာ သူ့ကိုယ်အား ရန်သာ့လန်၏ရင်ခွင်တွင်းသို့ပစ်၀င်လျက် ဧည့်ခန်းထံသို့ ​ကြောက်ရွံ့​နေပုံဖြင့် လက်ညှိုးထိုးပြလိုက်သည်

"ကျွန်..ကျွန်​တော်တစ်ခုခု​တွေ့လိုက်တယ်၊ ငါ့​ခြေ​ထောက်​အောက်ကဖြတ်​ပြေးသွားတာ ကြွက်များလားမသိဘူး"

​မြောင်ဟယ်မှာ ရန်သာ့လန်အားမလွတ်တမ်းဖက်တွယ်ထားလျက် ထိုအခန်းသို့​ဆွဲ​ခေါ်လာခဲ့သည်၊

"ကျွန်​တော် ကြွက်​ကြောက်တယ်၊ ကူပြီးရှာ​ပေးပါ​​နော် မ​တွေ့မချင်းတစ်ညလုံးအိပ်​ပျော်မှာမဟုတ်ဘူး"

ရန်သာ့လန်မျက်​မှောင်ကျုံ့လိုက်မိသည်၊
အိမ်တွင်ကြွက်ကိုတစ်ခါမျှမ​တွေ့ခဲ့ဖူး​ပေ၊ ယခုလည်းအရိပ်အ​ယောင်ကိုပင်မခံစားမိ​သော်လည်း ​ကောငယ်​လေး​ကြောက်ရွံ့​နေသည်မှာ ဟန်​ဆောင်​နေပုံမ​ပေါက်တာ​ကြောင့်သူကနှစ်သိမ့်​ပေးလိုက်သည်၊

"ဘာမှမဖြစ်ဘူး၊ ဖမ်း​ပေးမယ်"

​မြောင်ဟယ်ကညှိုးနွမ်းစွာပြုံးလျက်
"ဒါဆိုဒီမှာ​စောင့်​နေမယ်​နော်"

ရန်သာ့လန်က ကိုယ်​ပျောက်ကြွက်အား ​ကြောင်အိမ်များဗီဒိုများအနှံ့စတင်​ရှာ​ဖွေ​နေစဥ်တွင် ​မြောင်ဟယ်က သူလုပ်ထား​​သော ထပ်တရာမုန့်များကို ခြင်း​တောင်းထဲ အလျင်အမြန်ထိုးထည့်လိုက်သည်
ထို့​နောက်တွင် ဧည့်ခန်းနှင့်​​နောက်​ဖေးခန်းဆက်​နေ​သောတံခါးအား ပိတ်ချလိုက်​လေသည်။

ရန်သာ့လန်က ရှာ​ဖွေပြီး​နောက်မ​တွေ့​ကြောင်း​ပြောကာ ပြန်လာလျှင် သူ၏မျက်နှာကဖြူ​ဖျော့သွားလျက် ရန်သာ့လန်ကိုဆွဲကာ​နောက်​ဖေးခန်းသို့မသွားရန်တားလိုက်သည်

"ရတယ် ရတယ် ရတယ်၊ ​နောက်​ဖေးကိုသွားရှာ​နေစရာမလို​တော့ဘူး၊ ဖမ်းမိမှာလည်းမဟုတ်ဘူး၊
အဲ​ကောင် အိမ်ထဲ​လျှောက်​ပြေးမ​နေရင်ပြီးတာပဲ
ကျွန်​တော်အခု​လေးတင်ပဲ ထပ်တရာမုန့်​တွေထပ်လုပ်ထားတာ ​ဒေါ်​လေးရန်ကို​ပေးဖို့​လေ၊ ကြွက်​တွေမကိုက်သွားလို့​တော်​သေးတာ​ပေါ့၊ ဒါ​လေး ​ဒေါ်​လေးရန်ကိုအမြန်သွားပို့​ပေးလို့ရမလား"

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now