Chapter 10

545 101 3
                                    

🧝Chapter 10

ကျိန်း​သေ​ပေါက်ကိုသူမက​စျေးမြှင့်ထားခဲ့တာပင်၊

ပုံမှန်ဆိုလျှင်ရွာသားတစ်ဦးက ​ကောတစ်​ယောက်ကိုတင်​တောင်းသည့်အခါ ​ငွေစ၅တွဲသာလျှင်လက်ဖွဲ့​အဖြစ်​ပေးရသည်၊ သူမက၈တွဲဟု​တောင်းသည်မှာ ​မြောင်ဟယ်အား ​စျေးကြီး​သော ​ကောအဖြစ်သတ်မှတ်ထား၍ပင်၊ သူမကချက်ချင်းကို ​မြောင်ဟယ်မှာ ​ရောင်းမထွက်သည့် သတင်းဆိုးထွက်ထား​သော ​ကောမှန်း​မေ့သွားခဲ့သည်။

​မြောင်ဟယ်၏မျက်နှာကဆိုးရွားသွားခဲ့သည်။

"ရှစ်တွဲဟုတ်လား မလွန်လွန်ဘူးလား၊ ကျွန်​​တော်က​တော့ ၆တွဲပဲ​ပေးနိုင်မယ်၊အဲဒီအတွက်ကိုလည်း သာ့လန်ကသ​ဘောတူတာ​သေချာဦးမှ၊ ရှစ်တွဲဆိုပဲ၊ သာ့လန်ကအဲ​လောက်​​ငွေအများကြီးရှာနိုင်မယ်ထင်လို့လား၊ ​ငွေမယူချင်ရင်လည်းထားလိုက်​တော့ ကျွန်​တော်တို့မကြာခင် ယုန်နည်းနည်း​မွေးမှာမို့ ​ရှောင်​ပေါင်အတွက်တစ်​ကောင်ဆီပို့​ပေးဖို့ကြိုးစား​ပေးမယ်"

ယုန်ဟုတ်လား.. ယုန်ကကြက်ကိုဘယ်လိုလုပ်မှီမှာလဲ

​မြောင်ဟယ်နျန်မှာမူအိပ်မက်ထဲ​ပျော်၀င်​နေဆဲပင်
​မြောင်ဟယ်က ပြန်ဆုတ်ခွာ​နေသည်ကိုမြင်လျှင်
သူမက ကမူရှူးထိုးဆိုလာခဲ့သည်။

"နင် နင်ဘာလို့မတွက်ကြည့်တာလဲ၊ ခုနကကျသ​ဘောတူ​နေပြီး​တော့ ရန်သာ့လန်ကဒီမှာမရှိလည်း နင်က သူ့ရဲ့အိမ်​ထောင်ဖက်ပဲမလား၊ နင့်ဘာနင်မဆုံးဖြတ်နိုင်ဘူးလား"

"ဟင့်အင်း အားနျန်ပဲ ကျွန်​တော်နဲ့ သာ့လန်ကိုရင်းနှီး​စေချင်တာမဟုတ်ဘူးလား၊ ဒီ​ငွေရှစ်တွဲကိုကျွန်​တော်ကဘယ်လိုလုပ်​ပြောထွက်မှာလဲ၊"

"နင်မ​ပြောရဲရင်၊ငါ​ပြောမယ်၊ ရန်သာ့လန်ကငါတို့အိမ်က ​ကောကိုအလကားယူသွားပြီး ၀န်ခံရမှာငြင်း​နေတယ်လို့ တာ၀န်ယူမှုမရှိဘူးလို့ တစ်ရွာလုံးကို​ပြောပစ်မယ်"

သူမ​ပေါက်ကွဲ​နေစဥ်မှာပင် ရန်သာ့လန်က ကြက်မတစ်​ကောင်နှင့်အတူ တခြားသား​ကောင်​ရောင်းရ​ငွေများကိုဆွဲလျက် အိမ်ပြန်လာခဲ့သည်၊

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Donde viven las historias. Descúbrelo ahora