Chapter 5

755 158 3
                                    

🧝Chapter 5

နောက်တစ်​နေ့မနက် ​မြောင်ဟယ်နိုးလာချိန်တွင်
သူ၏​ဘေး၌မည်သူမျှမရှိ​ချေ။

အ​နောက်ခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှမကြားရသည်မှန်လျှင် ရန်သာ့လန်သည် အိမ်မှထွက်သွားနှင့်​လောက်​လေပြီ။ ကြည့်ရသည်မှာ မ​နေ့ကမိလာ​သော
အမဲကောင်များကို​ရောင်းရန် မြို့ထဲသို့သွားခြင်း
ဖြစ်ပုံရကာ ​မြောင်ဟယ်၏​ခြေ​ထောက် ထိခိုက်မိသွားခြင်း​ကြောင့် ​နှောင့်​နှေးသွားရပုံပင်။

​​မြောင်ဟယ်၏ မျက်၀န်းများ​တောက်ပသွားလျက်
​အေးခြင်းပူခြင်းကိုပင် ဂရုမစိုက်​တော့ပဲ အိပ်ယာမှအလျင်စလိုထလိုက်​တော့သည်။

ထိုအခါမှသာ စားပွဲ​ပေါ်ရှိ ပန်ကိတ်နှစ်ခုနှင့် မုန်ညှင်းနှင့်၀က်သား​ရော​ကြော်ထား​သော ပန်းကန်အ​သေး​လေးတစ်ခုအားလည်း​​တွေ့လိုက်ရ​တော့သည်။

၄င်းမှာ​မြောင်ဟယ် ကူး​ပြောင်းလာချိန်မှစ၍ပထမဆုံးအကြိမ်စမြင်ဖူး​​သော အသားပန်းကန်ဖြစ်​သော်လည်း သူ့တွင်ကား စားချင်စိတ်ရှိမ​နေခဲ့​ပေ၊

သို့နှင့်​မြေကြီးအား ဆွရန်သာ စိတ်​လော​နေ​တော့သည်၊

ဖိနပ်အား၀တ်လိုက်ပြီး​နောက် ​မြောင်ဟယ်သည်
အ​နောက်ခန်းသို့သွားလျက် ​ခြေ​ထောက်ကိုထိကြည့်လိုက်သည်၊ မ​နေ့က ဦး​လေးလင်း ပေးခဲ့​သော​ဆေးများမှာသူ၏​ခြေ​ထောက်တွင်လိမ်းကျံခံထားရသည်။

​နောက်​ဖေး​မြေကွက်လပ်ကို​​ခြေချမိ​စဥ်တွင်မှ ​နောက်​ဖေးခြံတံခါးအားတွန်းဖွင့်လိုက်သံအား ကြားလိုက်ရ​လေသည်။

​မြောင်ဟယ် ကပြာကယာရပ်လိုက်သော်လည်း ရန်သာ့လန်၏မျက်နှာသည်ကား တစ်စုံတစ်ဦးကို​တွေ့လိုက်ရသည်နှင့် လွန်စွာဆိုးရွား​နေခဲ့​လေပြီ၊

"မင်းဘာလုပ်​နေတာလဲ"

"ငါ..ငါ ​ဆေး​ကြောသန့်စင်ဖို့ ​ရေ​နွေးနည်းနည်းတည်မလို့"

ရန်သာ့လန်မှာ မျက်​မှောင်ကျုံ့လျက်​ရှေ့သို့လှမ်းလာကာ သူ၏ကိုယ်အား မ​နေ့ကကဲ့သို့ပင် အသာထိန်း​ပွေ့လိုက်သည်၊ ​မြောင်ဟယ်မရုန်းကန်နိုင်ခင်မှာပင် သူကဆိုလာသည်၊

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now