Chapter 11

306 66 0
                                    

🧝Chapter 11

ရန်သာ့လန်ကသူမအားကတိ​ပေးထား​သော
​ငွေတွဲများကိုသတိရလိုက်လျှင် သူမ၏ရင်ထဲမှ​နေသာသွားလျက် အ​တွေးတို့မျက်လုံးတွင်မ​ပေါ်မိ​စေရန် မျက်လွှာချလိုက်သည်။

ဘာပဲဖြစ်ဖြစ်သည်မိသားစုကို​ပေးသိ၍မဖြစ်​ပေ။

ထိုအချိန်တွင်အိမ်ကိုပြန်​ရောက်လာ​သော​မြောင်ဟယ်က​တော့သူ့ကိုယ်သူအားမလိုအားမရဖြစ်​နေမိသည်။
ထို​ကောင်းကင်​ပေါ်ပျံသွား​တော့မည့်​ငွေ​ခြောက်တွဲအတွက်သူ့မှာတာ၀န်အပြည့်ရှိသည်ပင်၊

သူ၏လက်ထဲတွင် ​မှော်ဆန်​သော​မြေဆီသြဇာရှိ​နေ​သော်လည်း ​သုံးစရာ​ငွေတွဲ​တော့မရှိ​ချေ။ ထို့အပြင်သူစိုက်ပျိုးထား​သောအသီးအရွက်များကို​ရောင်းရန်မှာလည်း လ၀က်ခန့်အချိန်ယူရ​ပေလိမ့်မည်၊

သူ​နောက်မှ​ကောငယ်၏မျက်နှာမှာ ညှိုးငယ်​နေသည်ကိုမြင်​သောအခါ သူကအိပ်ခန်းထဲသို့တိုက်ရိုက်၀င်လိုက်ပြီး ​မြေအိုးကိုလှမ်းယူလိုက်သည်၊ ထို​မြေအိုးကိုလှန်လိုက်​တော့ အထဲမှ​​ကြေးပြားအနည်းငယ်ထွက်လာခဲ့​လေသည်၊

"ကိုယ့်လက်ထဲမှာလည်းပိုက်ဆံရှိပါ​သေးတယ်"
သူက ​တော၀က်​ရောင်း၍ရလာ​သော ​ငွေကိုဆွဲထုတ်လာခဲ့သည်။

မ​နေ့က​ဖမ်းမိလာ​သော ​တော၀က်က​လေးမှာ ဒဏ်ရာကြီးကြီးမားမားမရှိသ​လောက်နည်းကာ ရှားပါး​သော ​သား​ကောင်လည်းဖြစ်သည်မို့ သူက သား​ကောင်များကို အသင့်​တော်ဆုံး​စျေးဖြင့်​ရောင်း၀ယ်​​လေ့ရှိသည့်
မြို့၏​မြောက်ဘက်ပိုင်းကိုသွား​ရောင်းခဲ့​လေသည်။

သို့နှင့် ကြက်နှစ်​ကောင်နှင့် ရန်သာ့လန်၀ယ်လာခဲ့သည့် ဂျုံမှုန့်တစ်ထုပ်ဖိုးကိုဖယ်လိုက်လျှင်ပင် ​တော၀က်က​လေးမှာ ​ငွေနှစ်တွဲခန့်ဖြင့်​ရောင်းချနိုင်ခဲ့သည်မှာအသိသာပင်။

သို့နှင့်စုစု​ပေါင်းလိုက်ပါက ရန်သာ့လန်လစဥ်ရှာ​ဖွေနိုင်စွမ်းမှာ ​ငွေနှစ်တွဲမှသုံးတွဲအထိရှိ​လေသည်၊ သို့ဆိုပါလျှင်ဤလအတွက်​လျော်​ကြေး​ငွေတစ်တွဲကို​ပေး​ချေနိုင်လိမ့်မည်၊

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now