Chapter 6

720 146 2
                                    

🧝Chapter 6

နောက်တစ်​နေ့မနက်နိုးလာချိန်တွင် အ​တော့်ကို​စော​နေ​သေးသည်ပင်၊ ​မြောင်ဟယ် သူ့ကိုယ်သူ လန်းဆန်း​အောင်လုပ်​နေစဥ်မှာပင် အပြင်ဘက်မှ အသံတစ်ခုကို
ကြားလိုက်ရ​လေသည်။သူမည်မျှပင်​စောစာနိုး​စေကာမူ ရန်သာ့လန်ကို​တော့မမီနိုင်​သေးပင်၊

မျက်နှာ​ပေါ်မှ အိပ်ချင်စိတ်လက်ကျန်​လေးကို ​မောင်းထုတ်လိုက်ပြီး​နောက် စားပွဲ​ပေါ်၌ ​ဆေး​ကြောသန့်စင်ရန် ​ရေ​နွေးကို အသင့်​တွေ့လိုက်ရ​လေသည်။

​မြောင်ဟယ် ယင်းကို လက်လွတ်စပါယ်မသုံးလိုက်၀ံ့ပဲ ​ခေါင်းထဲတွင်လည်း တိတ်တိတ်​လေး​တွေး​နေမိသည်၊ 'သူသာ ရန်သာ့လန်နှင့် ​ပြေလည်​သော ဆက်ဆံ​ရေးတစ်ခုတည်​ဆောက်လိုလျှင်
သူစိုက်ပျိုး​သော သီးနှံများဖြင့် ​ကျွေး​မွေးရလိမ့်မည်ဟု၊ သို့မှသာခန္ဓာကိုယ်တွင် ဖြစ်​ပေါ်​နေ​သော ​ရောဂါ ဘယများကို ခုခံနိုင်ပြီး ယူပစ်သလို​ပျောက်သွား​ပေလိမ့်မည်၊ ထို စွမ်းအင်​မြေဆီလွှာတွင် စိုက်​ပျိုး​သော အသီးအရွက်များတွင် ထူးခြား​သော အာနိသင်ရှိပေသည်။

အနာဂါတ်က​တောက်ပ​နေပြီဖြစ်​သော်လည်း သူကား​စောင့်ဆိုင်းရန်လိုအပ်​သေးသည်၊ ထို​မြေဆီလွှာတွင်စိုက်ပျိုးရန် ပြင်ဆင်မှုတချို့လုပ်ရ​ပေဦးမည်။စား​သောက်ပြီးသည်တွင် ရန်သာ့လန်​မြေဆီလွှာကိုတူးဆွ​နေသည်အား တိတ်တိတ်​လေးကြည့်​နေရန် အမိန့်​ပေးခံလိုကိရသည်၊ ရန်သာ့လန်မှာ ​ကောက​လေးအား
​ခြေ​ထောက်ဒဏ်ရာ​ကြောင့် ဟိုဟိုသည်သည် လှုပ်ရှား​နေဖို့ ခွင့်မပြုခဲ့​ချေ၊ ထို့​ကြောင့် ခုံပု​လေးတစ်လုံးကိုယူ၍ ထိုင်ခိုင်းထားခဲ့သည်။

ရန်သာ့လန်မှာ အမဲလိုက်ထွက်မ​နေချိန်တွင် အချိန်​တွေ​ပေါလှသည်၊ အဘယ်​ကြောင့်မူ ရန်မိသားစုမှာလယ်ကွက်တို့ပိုင်ဆိုင်မှုမရှိခြင်း​ကြောင့်ပင်၊

အ​ကြောင်းမှာ ​ရွေ့​ပြောင်း​နေထိုင်သူများ များလာခဲ့ပြီး​နောက် ​မြောင်​ကျေးရွာမှာ ဟိုးယခင်ကပင် ချမှတ်ထား​​သော စည်းမျဥ်းတချို့ရှိ​​နေသည်၊ ၄င်းမှာ ရွာသို့​ရောက်ရှိလာ​သော ​ရွေ့​ပြောင်း​သူအသစ်များအ​နေနှင့်
မည်သည့်​မြေကွက်ကိုမဆို ကျတ်တီးမြေပင်ဖြစ်ကလိမ့်စား  ရွာခံများထက် ​စျေး၂ဆ​ပေးကာ၀ယ်ရမည်ဟုပင်၊

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now