Part 14

8.1K 710 121
                                    

(Uni)

အငိုတိတ်သွားတဲ့ ခညောင်းဦးကို ကြံရည်ဆိုင်မှာ ခဏထိုင်စောင့်ခိုင်းပြီး လူးလွန့်မောင်ကတော့ အကျိုးအကြောင်းပြောဖို့ရာအတွက် အိမ်ဘက်ဆီကိုဆိုက်ကားနဲ့ ထွက်သွားလေသည်။ ထိုအခါ အိမ်နားရောက်ခါနီးမှာပဲ မိခင်ဖြစ်သူက ထမင်းချိုင့်ကိုဆွဲပြီး လျှောက်လာတာကိုလှမ်းမြင်တော့ လူးလွန့်မောင်လည်း ဝမ်းသာအားရနဲ့သာ အော်ခေါ်လိုက်ပါတော့သည်။

" အမေ! "

" ဟေ! သားမောင်ရယ် နောက်ကျလိုက်တာ..။ မလာသေးဘူး မလာသေးဘူးနဲ့.. အိမ်ရှေ့ကိုအမေ ထွက်ထွက်ကြည့်နေတာတောင် တော်တော်ကြာပြီ "

" အမေစိတ်ပူနေမှန်းသိလို့ သားလည်းကိစ္စပြီးတာနဲ့ ချက်ချင်းလာခဲ့တာ "

" ဘာကိစ္စတုံး.. ။ နေပါဦး.. ညောင်းလေးရော "

လူးလွန့်မောင်လက်ထဲကို ဒေါ်ဖြူဖြူမောင် ထမင်းချိုင့်လှမ်းပေးရင်းက ခညောင်းဦးကို ဘယ်ညာလှည့်ရှာနေသည်။

" အဲ့ဒါပဲပြောမလို့ အမေရေ..။ ဘွားမေကိုတော့ မသိစေနဲ့နော် "

" ဟဲ့! ဘာဖြစ်လို့တုံး သားမောင်ရဲ့..။ အမေ့ကို မြန်မြန်ပြောစမ်း "

မတတ်သာစွာနဲ့ပဲ ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုပ်ပြီး လူးလွန့်မောင်ပြောပြနေချိန်တွင် ဒေါ်ဖြူဖြူမောင်ခမျာလည်း ရင်ဘတ်ဖိရပါတော့သည်။

" ဘုရားရေ! မသေကောင်း မပျောက်ကောင်းပါလား ကလေးရယ်..။ ညောင်းလေး အခုဘယ်လိုနေသေးလဲဟင်.. အဆင်ပြေရဲ့လား သားမောင် "

" ဟုတ်.. နည်းနည်းပြေတယ်။ ဒါမဲ့.. ရေချိုးဖို့ဘာညာ တခြားဟာတွေလုပ်တာကျ ဘေးကနေ တစ်ယောက်ကူပေးဖို့တော့ လိုလိမ့်မယ်အမေ "

" ဟယ်! ဟုတ်လား..။ အဲ့လောက်တောင်ပဲလား သားမောင်ရယ် "

စိုးရိမ်တကြီးဖြစ်နေတဲ့ ဒေါ်ဖြူဖြူမောင်ကြောင့် လူးလွန့်မောင်လည်း မိခင်မျက်နှာကိုမသိမသာ လှမ်းအကဲခတ်ရင်းက စကားပျိုးရပါလေသည်။

" အဲ့ဒါ ဟိုလေ.. ငပြူးကိုသားနဲ့အတူ ဦးလေးထင်ကျော်အိမ်မှာပဲ ခေါ်ထားမလားပေါ့။ ဆရာဝန်ကလည်း တစ်ခုခုဆို ဆေးခန်းကို ချက်ချင်းလာပြပေးဖို့ ပြောထားလို့လေ အမေ "

ငပြူးငလူးWhere stories live. Discover now