Part 28

5.5K 458 175
                                    

(Uni)

ပုံမှန်နေ့လေးအတိုင်းပင် လည်ပတ်နေခဲ့တဲ့ တစ်နေ့တာမှာ ဂိုက်သင်ချိန်ပြီးခါနီးမှပဲ အနှောင့်အယှက်တစ်ဖြတ် ဝင်ချလာပါသည်။

အိမ်ပေါက်ဝတွင် ရပ်ကြည့်နေသူကို ခညောင်းဦး မြင်ပါသော်လည်း မသိကျိုးကျွံပြုပြီးသာ ပုစ္ဆာတစ်ပုဒ်ကို ဆက်ရှင်းပြနေမိသည်။ ထိုအခါ ကြိုဆိုခြင်းမခံရမှန်း သိသွားသူက ခုံအလွတ်တစ်လုံးကို ဆွဲယူလို့သာ ခြင်းတောင်းကြီးဘေးချပြီး ထိုင်စောင့်နေတော့သည်။

" တီလေးက ဘာလား..။ ကလေးလည်းမဟုတ်ဘဲ ကျွန်တော့်ကို လာကြိုနေတာလား "

အတန်းပြီးတာနဲ့ မမျှော်လင့်ဘဲ လှမ်းမြင်လိုက်ရသူကြောင့် ဟန်မင်းညီ အလိုမကျစွာဖြင့် ဘုတောပြောလာသည်။ ခညောင်းဦးကတော့ ခုံတွေစီသိမ်းရင်းနဲ့ အချေအတင်ပြောနေကြတဲ့ တူဝရီးနှစ်ယောက်ကို ဂရုစိုက်ပုံမပြခဲ့ပေ။

" နင့်ကိုဘယ်သူမှ အရေးလုပ်မနေဘူး။ ငါ့ဘာသာ ကိစ္စရှိလို့လာတာ.. "

ဟန်မင်းညီကို တုံ့ပြန်ပြောဆိုနေရင်းက ဘေးတွင်ချထားတဲ့ ခြင်းတောင်းကိုလှမ်းကိုင်လို့ ခက်ခက်ဝေ ထရပ်လိုက်သည်။

" ဘာကိစ္စ "

" လျှာမရှည်နဲ့..။ ကလေးက ကလေးလိုနေ.. သွား! အိမ်ပြန်တော့ "

" သူများအိမ်မှာ စွတ်အော်မနေနဲ့! နားငြီးတယ်ဗျ "

လိုတာထက်ပိုပြီး တင်းမာပြနေတဲ့ ခက်ခက်ဝေကို ဟန်မင်းညီကလည်း သေးသေးတင်မခံဘဲနဲ့ ‌ပြန်အော်သည်။ ထိုမှသာ ခက်ခက်ဝေလည်း အိမ်ထဲကိုမသိမသာ ဝေ့ကြည့်ရင်းက အသံအနေအထားကို ပြန်ထိန်းလိုက်သည်။

" ငါနင့်ဆရာနဲ့ စကားပြောစရာရှိတယ်။ အိမ်ပြန်တော့လေ "

" ကျစ်! ကိုယ့်အိမ်ကိုယ် ပြန်ချင်ပြန်မယ်.. မပြန်ချင် မပြန်ဘူးပေါ့။ တီလေးကဘာလို့ ဆရာလာလုပ်နေတာလဲ "

ထိုအချိန်တွင် မီးဖိုခန်းထဲကနေ ယောက်မကြီးကိုင်လျက်နဲ့ ဒေါ်ဖြူဖြူမောင် ထွက်ချလာလေသည်။

" ဪ! အသံတွေကြားလို့ ဘယ်သူများရောက်နေလဲ ထွက်ကြည့်တာ.. သမီးခက်ကိုး "

ငပြူးငလူးWhere stories live. Discover now