Part 29

5.3K 428 114
                                    

(Uni)

" ကျွန်တော်တို့နှစ်ယောက်ကို အစ်မဘက်ကစိတ်ရင်းနဲ့ နားလည်ပေးနိုင်မယ်လို့ပဲ မျှော်လင့်ပါတယ် "

" အို.. ရက်စက်လိုက်တာ ကိုကိုမောင်ရယ် "

ထိုနေ့..။

မျက်ရည်များ ဝဲတဲ့နေ့လား..၊ ဒါမှမဟုတ် အသည်းများ ကွဲတဲ့နေ့လားဆိုပြီး ဦးနှောက်က သေချာအောင်တောင် မတွေးတတ်ပါတော့ချေ။ လူးလွန့်မောင်နဲ့ စကားပြောဆိုပြီးတည်းက ခက်ခက်ဝေလည်း ပျောက်ချင်းမလှသာ ပျောက်သွားရလေသည်။

ခက်ခက်ဝေအနေနဲ့က နားလည်သဘောပေါက်ပြီး လက်လျော့သွားသလားတော့ မပြောတတ်ပေ။ သို့သော်..၊ တိကျသေချာသည့် အဖြေတစ်ခုကိုဖြင့် ကာယကံရှင်ကိုယ်တိုင်သာ တပ်အပ်သိနေပါလိမ့်မည်။

လူးလွန့်မောင်အနေနဲ့က ပြေပြေလည်လည်လေးပဲ နားဝင်ချိုအောင် ပြောဆိုခဲ့ပေမယ့်လည်း တခြားဆိုးရွားတာမျိုးတွေ ဖြစ်မလာစေဖို့ကိုတော့ ခညောင်းဦးခမျာ တွေးပူနေမိလေသည်။ မှန်တာပြောရရင် ယခုလို အချိန်ကြီးမှာမှ ဒေါ်ဖြူဖြူမောင်ကို မသိစေချင်သေးတာကြောင့် အနှောင့်အယှက်တွေ ဝင်မလာစေဖို့အရေး ခညောင်းဦးကြိတ်ပြီး ဆုတောင်းနေရပါသည်။

အသက်အရွယ်အားဖြင့် ဆိုရရင်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်အတွက် ခညောင်းဦးနဲ့ လူးလွန့်မောင်က စတင်ကြိုးစားခါစ အနေအထားဖြစ်နေပြန်သည်။

မည်မျှပင် လောကဓံတရားကို သူမတူအောင် ကြုံတွေ့ခဲ့ရပါစေ..။ ဘဝအတွေ့အကြုံမှာကျ အတိုင်းအတာ တစ်ခုအထိပဲ ရင့်ကျက်သေးကြတာဖြစ်လို့ ပြဿနာတွေ ဖြေရှင်းလာရချိန်မှာ ငယ်ရွယ်မှုက စကားပြောနိုင်သည်လေ။

သို့ဖြစ်၍ အခက်အခဲတစ်ခုကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ဖြတ်ကျော်ခဲ့သည့်တိုင်အောင် အမှားအယွင်း အတိမ်းအစောင်းဆိုတာက မလွဲဧကန်ရှိလာဦးမည့် အရာတွေသာ..။ လူးလွန့်မောင်တင်မက ခညောင်းဦးကိုယ်တိုင်လည်း ဆုံးဖြတ်ချက်မှန်သမျှကို အမှားမရှိ ရွေးချယ်နိုင်လိမ့်မည်ဆိုတာ မသေချာနိုင်သေးပေ။

ထို့အပြင် တစ်နေ့နေ့တစ်ချိန်ချိန်၌ ဒေါ်ဖြူဖြူမောင်နဲ့ မဖြစ်မနေ ထိပ်တိုက်တွေ့လာမှာ ဖြစ်တာကြောင့် အခြားသော အရာများထက်စာရင် စိတ်ဓာတ်ရေးရာပိုင်းတွင် ခညောင်းဦးဘက်က တောင့်ခံထားနိုင်ဖို့ကို အများကြီး ကြိုးစားရပါလိမ့်မည်။

ငပြူးငလူးWhere stories live. Discover now