Part 20

6.5K 612 108
                                    

(Uni)

နေရောင်အောက်တွင် ပကတိအတိုင်းသာ ခင်းကျင်းထားပါသော မြင်ကွင်းကျယ်တစ်နေရာ..။

ထို့အတူ ထွင်းဖောက်ကာ မြင်နေရပါသည့် ပူဖောင်းလေးများမှာလည်း လေယူရာအရပ်ဆီသို့ လွတ်လပ်စွာ လွင့်မျောနေလျက်ပင်။ သို့သော်ငြားလည်း လေပြေအဝှေ့ရဲ့ကျီစယ်မှု‌ကိုတောင် မခံယူဝံ့လေတော့ မျက်စိတစ်မှိတ်မှာတင် ပျောက်ကွယ်သွားရရှာပေါ့။

ရက်စက်လွန်းသည်ကြောင့် အပြစ်ပင် မဆိုနိုင်ခဲ့ပါသလား..။ သို့သော် မျက်ရည်စက်များ ကျဆင်းပိုင်ခွင့်မပေးမီ နှလုံးသားတစ်စုံမှာတော့ မြေခလို့ကွဲကြေရရှာပေါ့။

အို! အသင်လောက..၊ အလွှာပါးပါးဖြင့်ဖွဲ့စည်း ဖြစ်တည်လာမှုအပေါ် ငဲ့ကွက်လို့ လောကအလယ် မကျင်လည်ဝံ့သည်ကြောင့်သာ ဖြစ်ပါလိမ့်မည်။

________

ကားထဲမှ ဝိုင်းဝန်းဆွဲထုတ်လာကြတဲ့ ခန္ဓာငယ်လေးအနား ခြေလှမ်းမှားမတတ်ပင် အပြေးအလွှား တိုးဝှေ့သွားမိတော့..၊ ဆီးကြိုလို့နေခဲ့သည်က အနက်ရှိုင်းဆုံးသော မေတ္တာတရားသာလျှင်။

" မေကြီး! "

ငြိမ်သက်နေတဲ့ ချစ်ခြင်းဖြစ်တည်မှုကို တုန်ယင်စွာဖြင့် ထွေးပွေ့ထားမိတော့ နွေးထွေးမှုမှာ အနှိုင်းမရခဲ့ပါလေ။

" မေကြီးရေ.. "

" ..... "

" ‌အင့်! မျက်လုံးလေး ဖွင့်ကြည့်ပါဦး.. မေကြီးရဲ့.. "

အသာအယာ လှုပ်နှိုးနေမိသော်လည်း တုံ့ပြန်ခြင်းမှာ ကင်းမဲ့နေလေတော့ ယူကျုံးမရမှုများမှာ မိုးစက်မိုးပေါက်အလား ရွာသွန်းဖြိုးလျက်။

" ကယ်ကြပါဦး.. အင့်! ကျွန်တော့်မေကြီးကို.. ကယ်ကြပါဦး! "

ဘေးပတ်ပတ်လည်တွင် စုပ်တသပ်သပ်ဖြင့် ရပ်ကြည့်နေကြပါသော လူအုပ်ကြီးအား ခညောင်းဦး သွေးရူးသွေးတန်းအော်ဟစ်ကာ အကူအညီ တောင်းမိရုံမှတစ်ပါး..။

ယာဉ်တိုက်မှု အခြေအနေသည်..၊ ပလက်ဖောင်းနံဘေးရှိ သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်ထားသည့်အရှိန်ကြောင့် ကားညာဘက်ခြမ်းတစ်ခုလုံးမှာလည်း စုတ်ပြတ်သတ်လို့ပင်။ ကားနောက်ခန်းထဲတွင် ရှိနေခဲ့သည့် ဒေါ်ကညောင်းမေကိုဖြင့် လွယ်လင့်တကူ ဆွဲထုတ်နိုင်ခဲ့ကြသော်လည်း ထိခိုက်မှုအရတော့ မြင်ရသည့်အနေအထားမှာ အခြေအနေ မကောင်းချင်လှပေ။

ငပြူးငလူးWhere stories live. Discover now