Part 16

7.5K 635 123
                                    

(Uni)

" ဗျို့..! အိမ်ရှင်တို့! "

ခြံရှေ့မှ လူကြီးတစ်ဦးရဲ့အော်ခေါ်သံကြောင့် စာအုပ်လေးဘေးချလို့ ခညောင်းဦး ထော့နဲ့ထော့နဲ့ဖြင့် ဆင်းလာခဲ့သည်။ ထိုအခါ လှမ်းမြင်လိုက်ရသည်မှာ မျက်နှာစိမ်းဟုဆိုနိုင်သော်ငြား ခညောင်းဦးအတွက်တော့ ရင်းနှီးသည်ဟုလည်း မဆိုနိုင်ပြန်သော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး..။

" ဘယ်သူ့ကိုရှာပါသလဲ ခင်ဗျ "

" ဪ.. သားက အိမ်မှာရှိနေတာပဲ။ ထင်ကျော်ရော.. "

သိရှိပြီးသား အခြေအနေတစ်ရပ်ကို မသိသယောင်ပြုလို့ မေးလာသူအား မည်သည့်သံသယမျှ မဝင်ပါဘဲနဲ့ ခညောင်းဦး ပကတိပြန်ဖြေပေးမိသည်။

" ဦးလေးထင်ကျော်လား..။ သူ အိမ်မှာမရှိဘူးဗျ "

" အင်း..။ ဒါနဲ့သားက ဒေါ်ခင်နှင်းကြည်ရဲ့မြေး.. ဟုတ်တယ်မလား "

ခညောင်းဦး ဖြေပေးသမျှအား အနည်းငယ်မှ စိတ်ဝင်စားဟန်မပြလာဘဲနဲ့ လိုရာအမေးစကားတွေချည်း ထွက်လာ​နေသူတွင် မည်သို့သောရည်ရွယ်ချက်များ ရှိနေပါသနည်း။

အဘယ်ကြောင့်ဆိုသော် မိမိရှေ့တွင်ရပ်နေသူသည် ယခုတလော သပြေညိုရပ်ကွက်အတွင်း၌ မကြာခဏမြင်တွေ့နေရသည့် မျက်နှာစိမ်းတစ်ဦးသာ..။ ထို့အပြင် အဘွားဖြစ်သူရဲ့အမည်အား သိရှိထားသူလည်းဖြစ်လို့ စူးစမ်းလိုစိတ်ဖြင့်သာ ခညောင်းဦး သတိကပ်မိသွားရသည်။

" ဟုတ်ပါတယ်ဗျ "

" ဟွန်းဟွန်း! မှန်နေတာပဲ။ ဒါဆို.. ကညောင်းမေရဲ့ သားအရင်းပေါ့ "

" ဟုတ်ကဲ့.. "

ဟန်ပင်မဆောင်နိုင်လောက်အောင် ခပ်မာမာခေါ်ဆိုလာခဲ့တဲ့ မိခင်ဖြစ်သူရဲ့ နာမည်အပြည့်အစုံ..။ မူမမှန်သည့် အမေးများအပေါ် ပြန်၍ဖြေဆို‌ပေးနေသော်လည်း ခညောင်းဦးစိတ်ထဲတွင်တော့ သံသယစိတ်များမှာ စတင်ကြီးထွားလာလေပြီ။

အနှီလူကြီးသည် မိမိတို့မိသားစုနဲ့ မည်သို့မည်ပုံ ပတ်သက်ခဲ့ဖူးပါသနည်း..။

" ဟားဟား! မလန့်စမ်းပါနဲ့ကွ..။ ဦးလေးကိုဘယ်သူမှန်း သိချင်နေပြီမလား "

ငပြူးငလူးWhere stories live. Discover now