1 - Coffee

94 12 0
                                    

Coffee

ကျန်းစီရိ လက်မြှောက်၍ ဖုန်းအားဖွင့်ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင်ပေါ်ရှိ အချိန်က 11: 35 ဟု ပြသနေသဖြင့် အံ့ဩသွားခဲ့ရသည်။

10 : 40 ကတည်းက သူ ထိုနေရာ၌ ထိုင်နေခဲ့ခြင်းဖြစ်ပြီး ဆိုလိုသည်မှာ သူ့အရှေ့ရှိကြည့်ကောင်းလွန်းသည့် မိတ်ကပ်နှင့် ဆံပင်အခွေအလိပ်လေးများရှိသည့်မိန်းကလေး သူ့အား ဆူပူ ငေါက်ငမ်းနေသည်မှာ အနည်းဆုံး တစ်နာရီလောက်ရှိခဲ့‌ပြီပင်။

သို့သော်လည်း တစ်ဖက်သူ ကြည့်ရသည်မှာ ရပ်‌မည့်ပုံ မပေါ်သေးပေ။ သူမ အရှေ့ရှိ လာတေးက အေးစက်သွားခဲ့ပြီး ဖြစ်သော်လည်း သူမကတော့ ခုထိ တစ်လုပ်ပင် မသောက်ရသေးချေ။

အချိန် အတော်ကြာ ဆက်တိုက် စကားပြောပြီးတာတောင် သူမ ရေသောက်ချင်စိတ်များ မဖြစ်မိဘူးလားဟု သူ သိချင်မိပေသည်။

ကျန်းစီရိသည် အတော်လေးပျင်းရိနေခဲ့ရပြီဖြစ်သောကြောင့် ကော်ဖီဆိုင်၏ဖွဲ့စည်းပုံနှင့် ဆိုင်အပြင်အဆင်တို့အား အကြိမ်ပေါင်းများစွာ ကြည့်ရှူ လေ့လာခဲ့ပြီးဖြစ်သည်။ ဆိုင်က ရိုးရိုးရှင်းရှင်း ဥရောပစတိုင်နှင့် ရွေ့လျားနေ သည်ဟု ထင်ရသည့်ပုံဒီဇိုင်းတို့ဖြင့် စားပွဲနှင့် ထိုင်ခုံတို့အား စုစုစည်းစည်း စီစဥ် ထားရှိပြီး အစိမ်းရင့်ရောင်ကြယ်ပုံစံရှိသောမီးလုံးလေးများဖြင့်အလှဆင်ထား‌ကာ ဆိုင်အတွင်း၌ လူမရှိသည့် စားပွဲဝိုင်းဟူ၍ မရှိပေ ...

" ငါပြောတာကို နင် နားထောင်နေရဲ့လား "

မိန်းကလေး၏ အသံကျယ်ကျယ်က ကျန်းစီရိအာရုံအား ပြန်၍ ဆွဲခေါ်လိုက်ပေသည်။

" အာ နားထောင်နေပါတယ် "

ကျန်းစီရိတစ်ယောက် သူ့ ကိုယ်နေဟန်ထားအား ပြင်ဆင်လိုက်ကာ သူ့ မျက်နှာချင်းဆိုင်မှ မိန်းကလေးအား ပြန်လည်၍ အာရုံစူးစိုက်လိုက်မိသည်။

မိန်းကလေး၏လက်သည်းဆိုးဆေးဆိုးထားသည့် လက်ချောင်း သွယ်သွယ် လေးများက ရောင်စုံလိပ်ပြာလေးများလိုသူ့‌အရှေ့၌ ရှိနေခဲ့ပြီး ထိုအရာကခံစားချက်ပြင်းထန်လှသည့် "တေးဂီတသံစဉ်" လေးတစ်ခုအား ညွှန်ပြနေပုံနှင့် တူသော်လည်း ပျင်းစရာ ကောင်းသည့် ပထမဆုံးသံစဉ်အား ထပ်ဖန်တလဲလဲ ပြန်ဆိုသလိုဖြစ်‌နေခြင်းကတော့စိတ်မကောင်းစရာပင် ___

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now