23 - အလင်းရောင်

41 11 1
                                    

အလင်းရောင်

အစည်းအဝေးခန်း အတွင်းရှိ လူအတော်များများသည်လည်း လင်းကျီရှီးကဲ့သို့ပင် အလွန် အမင်း အံ့ဩသွားခဲ့ကြပေသည်။

ဖန်းရွှမ်က ပရောဂျက်အကြောင်း ရှင်းပြနေခဲ့သော်လည်း လူအများစုကတော့အသေးစိတ်အချက်များကိုပင်ဂရုမစိုက်ကြတော့ဘဲလီလီပန်းပုံဒီဇိုင်းထဲတွင်သာနှစ်မြောနေကြသည်။

မည်သို့ပင်ဆိုစေ၊ အဆောက်အအုံများ နေရာချထားပုံကတော့ သူတို့အုပ်စုပလန်နှင့် တူတူပင် ။ သို့သော်ငြား အုပ်စု A ၏ဒီဇိုင်းက စည်းမျဥ်းများနှင့်အညီ ကုန်ကျစရိတ်သက်သာစေရန်အခြေခံထားခြင်းဖြစ်ပြီး အုပ်စုB ရဲ့ဒီဇိုင်းကတော့  နယ်မြေတစ်ခုလုံး၏ လမ်းများအား ပွင့်ချပ်များအဖြစ် ခွဲထုတ်ကာ ပန်းပွင့်ပုံ ဖော်ထားခြင်းပင်။

သေချာကြည့်ပါက ပန်းကလည်း လီလီပန်းမဟုတ်ဘဲ လီလီပန်းနှင့်အလွန်တူသည့် တရုတ် Daffodil ပန်းပင်။

ဖန်းရွှမ်ရှင်းပြချက်အရထိုပန်းက Z မြို့တော်ရဲ့ ပန်းဖြစ်ကာ ပြန်လည် မွေးဖွားခြင်းနှင့် နှစ်ပေါင်းတစ်ရာတိုင်ကြွယ်ဝခြင်းဟုအဓိပ္ပါယ်ရပြီး၊ အုပ်စု B က မြို့တော်အား အသစ်ဖန်တီးရန် ရည်ရွယ်၍ ဖန်တီးထားခြင်းပင်။

ဖန်းရွှမ်ပြောပြီးချိန်တွင်တော့ အခန်းထဲရှိ လူတိုင်းကလည်း စိတ်လှုပ်ရှားမှုများ ပြသလာခဲ့ကြတော့သည်။ ထိုကဲ့သို့ ဒီဇိုင်းမျိုးက အလွန် အမင်းမျက်စိဖမ်းစားနိုင်ပြီး တီထွင်နိုင်စွမ်းရှိလွန်းလှသည်မဟုတ်ပါလား။

အုပ်စု B အဖွဲ့ဝင်များကလည်းထိုတုံ့ပြန်ချက်အား မျှော်လင့်ထားပြီးသား ဆိုသည့်ဟန်ဖြင့်အခန်းထဲရှိ လူတိုင်းအား ယုံကြည်မှု ရှိစွာဖြင့်ကြည့်လာခဲ့ကြသည်။

သို့သော်ငြား ကျန်းစီရိကတော့ ထိုအစီအစဉ်က တစ်ခုခု မှားနေသလို ခံစားနေရပေသည်။ အုပ်စု B ၏ပလန်က ကြည့်ရတာ အတော်လှသော်ငြား လက်တွေ့မဆန်ပေ။

သူတို့က ပြိုင်ဘက်များ ဖြစ်နေသောကြောင့် ထိုကဲ့သို့ခံစားနေရခြင်းလားဆိုသည်ကိုတော့ သူလည်း မပြောတတ်ချေ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 04 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

လက်ထောက်ဗိသုကာပညာရှင်လေးDove le storie prendono vita. Scoprilo ora