6 - စီနီယာ

39 8 0
                                    

စီနီယာ

ကျန်းစီရိစာပို့လိုက်ပြီးသည့်နောက်တွင်တော့ နဂိုကတိတ်ဆိတ်ငြိမ်သက်နေခဲ့‌သော Group Chat က တဖန် ထပ်၍ ပေါက်ကွဲထွက်သွားခဲ့ပေသည် __

[ စူးယွမ် - ငါ ခေါင်းမူးလာပြီ! ဒါဆိုခဏတုန်းက နင် ငါတို့ကို လန့်အောင်လုပ်ခဲ့တာပေါ့! ]

[ ကျန်းဟိုင် - ဂုဏ်ယူပါတယ်! ]

[ ရန်မုန့်ရွှမ်း - ဘာတွေဖြစ်နေကြတာလဲ ]

ဖူရှင်းဟွေ့ - " ... "

[ ကျန်းစီရိ -  ငါ မင်းတို့ကို လန့်အောင် လုပ်ခဲ့တာမဟုတ်ဘူး၊ ခဏတုန်းကကျ ငါ တကယ်ကိုပြီးသွားပြီထင်ခဲ့တာ ထွက်လာတဲ့ရလဒ်က ပြောင်းပြန် ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး ~\(≧▽≦)/~ ]

[ စူးယွမ် - အင်တာဗျူး ဆိုတာမျိုးက ပန်းခြံထဲ လမ်းလျှောက်သလိုပဲလို့ ငါပြောခဲ့သားပဲ လစာရော ပြောပြီးပြီလား ]

[ ကျန်းစီရိ - အင်တာဗျူးကတည်းက လစာအကြောင်းတစ်ခါတည်း ပြောလိုက်ပြီးသား၊ အစမ်းခန့်ကာလအတွက်တော့ လစာကယွမ် 5000 ပဲ ရဦးမယ်၊ အချိန်ပြည့်ဝန်ထမ်း ဖြစ်သွားရင်တော့ 8000 ဘော့နပ်စ်မပါသေးဘူး ]

*** Yuan 8,000 က မြန်မာငွေနဲ့ဆို သိန်းနှစ်ဆယ် ဝန်းကျင်လောက်ရှိမယ်

[ စူးယွမ် - မဆိုးပါဘူး ]

[ ကျန်းဟိုင် - Wow! မင်းအချိန်ပြည့်ဝန်ထမ်း ဖြစ်သွားရင် မင်းလစာကငါ့ထက်များသွားပြီဟ! ငါ့မှာက 7000 တည်းရယ် ]

[ ဖူရှင်းဟွေ့ - လစာတစ်ဝက်လောက်က အိမ်ငှားခထဲရောက်သွားဦးမှာ၊ ကျစ်! ရွှေ့ပြောင်းအလုပ်သမားလောက်တောင် မကောင်းဘူး ]

ထိုစာအား မြင်ရချိန်  ကျန်းစီရိတစ်ယောက် ထိုနေရာမှ ချက်ချင်းထွက်ခွာ၍ ကုန်စုံဆိုင်မှ 15 ယွမ်တန် အသင့်စားထမင်းဘူးသာ ဝယ်စားချင်စိတ် ပေါက်သွားရတော့သည်။

[ စူးယွမ် - သူ့အပေါ် ရေအေးတွေ လောင်းချမနေနဲ့! ဟိုင်ချန်က ဆောက်လုပ်ရေးလောကထဲ ဘွဲ့ကြိုတွေ အလုပ်စဝင်ဝင်ချင်း ခြောက် ထောင် ဒါမှမဟုတ် ခုနှစ်ထောင်လောက်ပဲ ရကြတာ၊ ရှစ်ထောင်ဆိုမဆိုးဘူး ဟုတ်ပြီလား! တို့လည်း ဒီလောက်ပဲရတာ၊ အလုပ်ကြိုးစား!နှစ်ကုန်ကျ ဘော့နပ်စ်များများရအောင်လုပ် ]

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now