15 - Business Card

38 7 0
                                    


Business Card

ကုရှောင်းက ဘော့စ်ဖြစ်၍  အားလုံးလိုလိုကသူ ဦးဆောင်သည့်အတိုင်းလိုက်ကြမည်ပင်။ အတော်များများက အကင်းပါးသည့်လူများဖြစ်ကြလေရာ ကုရှောင်းစကားတစ်ခွန်းပြောလိုက်သည်နှင့် တစ်ဖက်သူစိတ်အားမှန်းဆမိပြီး၊ ဘော့စ် စိတ်ကျေနပ်အောင် လုပ်ပေးကြမည်သာ။

ထို့ကြောင့် ကုရှောင်းကအစပျိုးပေးလိုက်ပြီးနောက် အဖွဲ့ဝင်များသည် အကြောင်းပြချက်မျိုးစုံ သုံး၍ ကျန်းစီရိနှင့် ဝိုင်ခွက်ချင်း တိုက်ပြီး ဂုဏ်ပြုကြတော့သည်။  အယ်လ်ကိုဟောပမာဏကများလွန်းနေပြီဖြစ်ပြီး ကျန်းစီရိ၏ အရက်သောက်နိုင်စွမ်းက မည်မျှပင်ကောင်းသည်ဆိုစေဦး၊ တစ်ဖက်ရန်သူဆယ်ယောက်ကိုတော့ သူ မယှဉ်ပြိုင်နိုင်ပေ။

နောက်ထပ်ခွက်အချို့ထပ်သောက်ပြီးနောက် သူ လုံးဝမူးသွားခဲ့ပြီဖြစ်ကာ ကုရှောင်းအပေါ် လက်စားချေမည့်အကြောင်း သူ ထပ်မတွေးနိုင်တော့ချေ။

ကျန်းစီရိသည် သူလုံးဝမလဲသွားခင်၌ ဖူရှင်းဟွေ့ထံ ဖုန်းခေါ်ရန်  သူ့ကိုယ်သူ အားတင်း၍ သန့်စင်ခန်းသို့ ထလာလိုက်ပေသည်။

ထိုည‌တော့ ထိုအဖြစ်ဆိုးအား သူကျော်ဖြတ် နိုင်တော့မည်မဟုတ်ကြောင်းသူသိ‌နေသဖြင့် သေရမည်ကို ထိုအတိုင်း ထိုင်စောင့်မနေချင်ပေ။ သူ့ကိုယ်သူကြို၍ ဂရုစိုက်ထားမှဖြစ်ပေမည် ။ မဟုတ်လျှင် သူ ဘယ်နေရာ၌ လွှင့်ပစ်ခံရမည်မှန်း မသိပေ။

မှန်ထဲ မြင်နေရသည့် သူ့ လက်ချောင်းများက ဆပေါင်းများစွာ ခွဲထွက်သွားကာ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပို၍ ချာချာလည်လာခဲ့ပေသည်။  ကျန်းစီရိလည်း ဘေစင်ရှေ့ရပ်ရင်း ဖူရှင်းဟွေ့ ၏ ဖုန်းနံပါတ်အား အားအင်ချိနှဲ့စွာ နှိပ်လိုက်မိသည်။

" ဖူရှင်းဟန် ...  ကယ်ပါဦး ... "

ဖူရှင်းဟွေ့ - " ... "

ကျန်းစီရိ - " ငါ့ လုပ်ဖော်ကိုင်ဘက်တွေတိုက်လိုက်တာမူးပြီးသေတော့မယ် ... မင်းလာခေါ်ပေးလို့ရလား ... "

ဖူရှင်းဟွေ့ - " သောက်ရူး လိပ်စာပြော "

ကျန်းစီရိ - " xxx လမ်းက ကန်တုံစားသောက် ဆိုင် ... "

လက်ထောက်ဗိသုကာပညာရှင်လေးOù les histoires vivent. Découvrez maintenant