9 - အပင်များ

31 8 0
                                    

အပင်များ

စူးယွမ်၏မိဘနှစ်ယောက်လုံးက တက္ကသိုလ်ကျောင်းဆရာများဖြစ်ကြသောကြောင့် သူမတို့မိသားစုအား သာမာန်မိသားစုဟုပြော၍ရပြီး အချမ်းသာကြီးမဟုတ်ပေ။

ကိုယ့်အားကိုယ်ကိုးတတ်သူကျောင်းသူတစ်ယောက်အနေဖြင့် သူမနိုင်ငံခြား၌နေထိုင်စဉ်ကဆို အားလပ်ချိန်များအတွင်း၌ပင် အလုပ်လုပ်ခဲ့သူဖြစ်သည်။ ခု ဟိုင်ချန်၌အလုပ်လုပ်ရန် တရုတ်ပြည်သို့ ပြန်ရောက်လာခဲ့ပြီဖြစ်၍ သူမသည် သေချာပေါက် သူမ မိဘများဆီမှအထောက်အပံ့အပေါ် အားကိုးနေတော့မည်မဟုတ်ချေ။

အရှေ့ဘက်ရပ်ကွက်အသစ်က သူတို့တွေ့ဆုံကြသည့်နေရာနှင့်ဆို အတော်လေးဝေးလှပြီး ထိုနေရာသို့ ပို့ပေးသည့် ညဘက်တက္ကစီများကလည်း ဈေးကြီးလှကာ မြေအောက်ရထားစီးခြင်းကသာ စရိတ်စက သက်သာမည်ပင်။

ကျန်းစီရိသည် "နေပါဦး! မြေအောက်ရထား မမှီရင်လည်း ငါ တက္ကစီခပေးပါ့မယ်" ဟုရဲရဲရင့်ရင့် ပြောလိုက်ချင်သော်လည်း သူ မပြောနိုင်ပေ။

အကြောင်းမှာ သူက အစမ်းခန့် ကာလ၌သာရှိသေးသော လစာ ယွမ် 4,500 သာ ရသည့် ငါးဆားနှယ်တစ်ကောင်သာဖြစ်ပြီး အပိုဖြုန်းရမည့် ပိုက်ဆံမရှိချေ။

စူးယွမ်ပြန်သွားသည်နှင့် ရန်မုန့်‌ရွှမ်းကလည်း စောင့်မနေတော့ဘဲပြန်သွားခဲ့ပေသည်။ဖူရှင်းဟွေ့နှင့် ကျန်းဟိုင်တို့ နှစ်ယောက်သာ ကျန်ခဲ့သဖြင့် သူလည်း သွားဖို့ မလိုတော့ပေ။

ကျန်းစီရိတစ်ယောက် ဖုန်းချလိုက်ရင်း လစ်ဟာသွားသလိုမျိုး ခံစားလိုက်ရသည်။

စိတ်ရှုပ်ထွေးစွာနှင့်ပင် ဒါရိုက်ဘာအား အိမ်သို့ လှည့်ပြန်ရန်သာ ပြောလိုက်မိသည်။ သူ WeChat ဖွင့်၍သူတို့ပြောထားကြသည်အား အစမှနေ ပြန်ဖတ်နေမိသည်။ စိတ်ဝင်စားမှုအပြည့် တက်ကြွသည့်အခြေအနေမှနေ သူ မရောက်လာနိုင်သဖြင့် စိုးရိမ် ထူပူနေကြပြီး နောက်ဆုံး စိတ်မဝင်စားတော့ဘဲ တက်ကြွမှုပျောက်ဆုံးသွားသည်အထိ ... သူ့ နှလုံးသားထဲမှနေ ဆုံးရှုံးသွားသလိုခံစားချက်များ လျှံကျလာလေတော့သည်။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now