13 - အရှိန်အဝါ

31 7 0
                                    

အရှိန်အဝါ

ကုရှောင်းက ခဲတံအားချထားလိုက်ပြီး သူ၏ ကွန်ပျူတာ မျက်နှာပြင်အား  ကျန်းစီရိဘက်လှည့်၍ ထူးထူး ခြားခြား သတ်မှတ်ချက်များရှိသည့်ပုံအချို့အား ဖွင့်ပြလာခဲ့သည်။

ဥပမာအနေဖြင့် ခေါက်ဆွဲဆိုင် တစ်ဆိုင်ထဲရှိ ကော်ရစ်ဒါနှင့် ဆက်ထားသည့် အလျားရှည်ရေကူးကန်လိုမျိုး၊  ခပ်သေးသေး လူနေအိမ်တစ်လုံး၏ လှေကားအောက်ရှိ တြိဂံပုံ နေရာလေးထဲက ရေချိုးခန်းလိုမျိုးနှင့် အိမ် နံရံထဲခေါက်သိမ်းထားလို့ရသည့် ထမင်းစား စားပွဲလိုမျိုးတို့ပင်။ ဒီဇိုင်းအားလုံးလိုလိုကတီထွင်ကြံဆဉာဏ်ကောင်းပြီး၊ မဖြစ်နိုင်လောက်ဟုထင်ရသော်လည်း အတော်လေး ယုတ္တိကျလှသည်သာ။

ကျန်းစီရိသည် ထိုပုံများအား စိုက်ကြည့်ရင်းဗိသုကာပညာရှင် တစ်ယောက်အနေဖြင့် ဤကဲ့သို့ထူးခြားသည့်ဒီဇိုင်းများဆွဲ၍သင့်တော်ပါ့မလားဟု မေးခွန်းထုတ်နေမိသည်။ ပြောရလျှင် သူသင်ကြားလာခဲ့ရသည့် ပညာရေးကအတော်လေးရှေးရိုးဆန်ပြီး ဆရာတိုင်းလိုလိုကလည်း ကျောင်းသားများ၏ဒီဇိုင်းက ဆန်းသစ် ရူးသွပ်လွန်းနေလျှင် ကန့်ကွက်ကြသည်ချည်းပင်။

သို့သော်လည်း  တစ်ဖက်တွင်တော့ ဗိသုကာပညာရှင် တစ်ယောက်အနေဖြင့်  ထိုအရာကလုပ်သင့်သည့် အရာဟု သူ တွေးနေမိသည်။ စည်းမျဉ်းစည်းကမ်းများအတိုင်း တသဝေမတိမ်းလုပ်ခြင်းထက် စိန်ခေါ်မှုအသစ်များနှင့် မတူညီသည့်နည်းလမ်းများအား တွေးကြည့်သင့်ပေသည်။

ကျန်းစီရိက တွေးနေဆဲပင်ရှိသေး ကုရှောင်းက ကွန်ပျူတာ မျက်နှာပြင်အား ညွှန်ပြ၍ - "  မင်း ခုလေးတင် ကြည့်လိုက်တဲ့ဒီဇိုင်းတွေက ကျွမ်းကျင်တဲ့ ဗိသုကာပညာရှင်တွေ ဆွဲထားတာချည်းပဲ၊ သူတို့အားလုံးကစည်းမျဉ်းတွေနဲ့ နောက်ဆုံးသတ်မှတ်ချက် ဘယ်လောက်ရှိတယ်ဆိုတာကို သိတယ်၊ အခြေခံ အသုံးပြုဖို့အတွက်လည်း အာမခံပေးနိုင်တယ်၊ သက်တောင့်သက်သာ ဖြစ်တဲ့အထိ ဘယ်လို ကန့် သတ်ချက်မျိုးကို စိန်ခေါ်‌ရမယ်ဆိုတာလည်းသိတယ် "

သူက ကျန်းစီရိ၏ပုံပေါ် ခဲတံဖြင့်ထောက်၍

" ဒါပေမယ့် မင်းမှာတော့ ဒီလို အားသာချက်မျိုး သိသိသာသာကိုမရှိဘူး၊ မင်းစိန်ခေါ်ချင်ရင်တောင် မင်း ကောင်းကောင်း လုပ်ဆောင်နိုင်မှာမဟုတ်ဘူး "

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now