20 - အဖာ

39 6 0
                                    

အဖာ

ကျန်းစီရိ ပါဝင်ဖူးသည့် အကြီးမားဆုံးပရောဂျက် တစ်ခုမှာ စတုရန်းမီတာ တစ်သောင်းရှိသည့် ကြော်ငြာရုံး အဆောက်အအုံတစ်ခုပင်ဖြစ်ပြီး သူ ဆွဲခဲ့ရသည်များက အတွင်းဘက်ရှိလက်ဖဝါးအရွယ်ခန့် ဗဟိုထောက်တိုင်များပင်။ ခုတော့ ဟက်တာယူနစ် ပမာဏ ရှိသည့် ပရောဂျက်ကြီးက သူ့အရှေ့ပေါ်လာပြီဖြစ်၍ သူ့တစ်ကိုယ်လုံး ထုံထိုင်းသွားရတော့သည်။

ထုံဟောရိက ဆက်ပြောလာခဲ့သည်မှာ  - " ဒီညကစပြီး စုစုပေါင်းနှစ်ရက်နဲ့နေ့တစ်ဝက်ထိ အုပ်စုနှစ်စုက ဒီဇိုင်း အကြမ်းဖျဥ်းနဲ့ နေရာချတာတွေဆုံးဖြတ်ဖို့အပြိုင်အဆိုင်လုပ်ရမယ်၊ နောက်ခုနှစ်ရက်အတွင်းမှာမှ ပလန်တွေ စီစဉ်ရမယ်၊ ပြီးမှ ဒီဇိုင်းဘုတ်အဖွဲ့  ဒါရိုက်တာတွေက ဘယ်အဖွဲ့ရဲ့ပလန်ကိုဆက်လုပ်ဖို့ရွေးမလဲ ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ် "

ထိုမှသာ ကျန်းစီရိလည်း မိုးကြိုး ထိမှန်သွားသလို ခံစားလိုက်ရပြီး  အချိန်က တကယ်ကိုနည်းလွန်းနေကြောင်း သတိပြုမိသွားရတော့ သည်။ ဘာလို့များ ပလန်နှစ်စုံ လုပ်နေမှာလဲ၊ အုပ်စုနှစ်ခုထဲက လူတွေပေါင်းပြီး၊ တစ်စုံထဲလုပ်လိုက်ရင် ပိုမကောင်းဘူးလား။

သို့သော်လည်း  သူ စိတ်ထဲမှ အော်ဟစ် ပြောနေသည်များအား မည်သူမှ မကြားနိုင်ဘဲ ထိုအစား အတော်များများက ကြိုးစားချင်စိတ်အပြည့်ဖြင့်  စိတ်အား ထက်သန်နေကြသည်ကိုသာ တွေ့ရပေသည်။ 

ကုရှောင်း - " လာမယ့်နေ့ရက်တွေကတော့လူတိုင်းအတွက် အတော်လေး ခက်ခဲလိမ့်မယ်၊  အချိန်ပိုတွေဆင်းဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြပါ "

ပရောဂျက်၏ အခြေခံ အခြေအနေများအား ရှင်းပြပြီးနောက်  ကုရှောင်းနှင့်  ထုံဟောရိတို့က ထိုပရောဂျက်အတွက် အဖွဲ့ခေါင်းဆောင်အသီးသီးအား ရွေးချယ်လေသည်။

ကုရှောင်းက သူ့ထက် တစ်နှစ်သာ ငယ်သည့် ကျိဖေးယွီအား ခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်ကာ ထိုသူက အရမ်းတော်သည့် လူတစ်ယောက်မဟုတ်သည့်တိုင်အတွေ့အကြုံတော့ အများကြီးရှိသည်သာ။

လက်ထောက်ဗိသုကာပညာရှင်လေးWo Geschichten leben. Entdecke jetzt