2 - အလုပ်ရှာဖွေခြင်း

56 10 0
                                    

အလုပ်ရှာဖွေခြင်း

ကျန်းစီရိ ယခင်က ပေးပို့ ခဲ့ဖူးသည့် အလုပ်လျှောက်လွှာများ အားလုံးလည်း ပြန်စာတစ်ခုမှမရပေ။ နိုင်ငံခြားဂျာမန်ကုမ္ပဏီတစ်ခုကထိုနှစ်အတွက် အလုပ်သင်နှင့် လက်ထောက်တို့ပြည့်နေခဲ့ပြီးသားဖြစ်၍လက်မခံနိုင်တော့ကြောင်း ယဉ်ယဉ် ကျေးကျေး ငြင်းဆိုထားသည့်စာတစ်စောင်သာရောက်နေခဲ့သည်။

ဩဂုတ်လပင် ရောက်နေပြီဖြစ်သောကြောင့် ကုမ္ပဏီ အတော်များများက အလုပ်သင်များခန့်ထားပြီးလောက်ပြီပင်။

ကျောင်းတက်နေခဲ့စဉ်တုန်းကကျ ကမ္ဘာကြီးအကြောင်းမသိခဲ့ရသလို ဘွဲ့ရပြီးနောက်တွင်လည်း ဖူရှင်းဟွေ့က ဥရောပသို့ သွားရောက်လည်ပတ်ရန်ခေါ်၍ တစ်လတိတိ လည်ပတ်ခဲ့သေးသည်။

တရုတ်ပြည်သို့ ပြန်ရောက်မှသာ ပြည်တွင်းဗိသုကာဈေးကွက်ရှိ အလုပ်သမားသုံးဆယ်မှ လေးဆယ် ရာခိုင်နှုန်းလောက်က အလုပ်ရပ်နားရခြင်းနှင့် လစာငွေ ဖြတ်တောက်ခံရခြင်းများ ရင်ဆိုင်နေရကြောင်း သိရှိလိုက်ရပေသည်။ အချို့ကုမ္ပဏီများဆိုနဂိုရှိပြီးသားဝန်ထမ်းများကိုပင် လစာမပေးနိုင်တော့ပေ။

ကျန်းစီရိဘွဲ့ယူခဲ့သည့် ကောလိပ်က ယူကေရှိ အတော်လေးနာမည်ကြီးသည့် ကောလိပ်တစ်ခုပင်။ကမ်းဘရစ်ချ် သို့မဟုတ် အောက်စ်ဖို့ဒ်လောက်တော့ နာမည်မကြီးသော်လည်း ထိုကောလိပ်၏ ဗိသုကာပညာ ဌာနကတော့ အတော် လူသိများသည်ပင်။ သို့သော်လည်း ထိုအမည်များက ဘွဲ့ကြို ကျောင်းသားတစ်ယောက်အတွက်တော့ သိပ်ပ်ြီး တန်ဖိုးမရှိလှဘဲ ကျန်းစီရိ အလုပ် ရှာဖွေရာ၌သာ ခြေနင်းတုံးတစ်ခု ဖြစ်နိုင်ပေသည်။ တိုးတက် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ဆောက်လုပ်ရေးဈေးကွက်က အခြေခိုင်နေပြီးဖြစ်သောကြောင့် အမိမြေကိုပြန်ခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု  ကျန်းစီရိ တွေးခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား ခုလက်ရှိ ပြည်တွင်းဈေးကွက်ပတ်ဝန်းကျင်အရ သူထင်ခဲ့သည့်ခြေနင်းတုံးကဆွန်းအုတ်ဖြစ်နေခဲ့ပြီး တစ်ချက်ထိုးရုံနှင့် ထိခိုက်လွယ်သည့် အရာလေး ဖြစ်နေခဲ့လေတော့ သည်။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now