12 - အကူအညီ

35 8 0
                                    


အကူအညီ

ကျန်းစီရိ အိမ်ပြန်ရောက်ချိန် အိမ်ထဲမဝင်ခင် ၌ပင် ဧည့်ခန်းထဲမှထွက်လာသည့် သီချင်းသံနှင့်အတူ ခရမ်းချဉ်သီး အမဲသားဆော့စ် အနံ့ မွေးပျံ့ပျံ့အား ရလိုက်ပေသည်။

ကျန်းစီရိတစ်ယောက် သူ့ ရှူးဖိနပ်အား တက်နင်းမိမတတ် အလျင်စလိုကန်ချွတ်လိုက်ကာ ရနံ့ ထွက်လာရာသို့ တောက်ပသည့် မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

" Aha! မင်း ဟင်းချက်နေတာပဲ "

" မင်း ဒီနေ့ ဘာလို့စောစောပြန်လာတာလဲ "

တံခါးဝမှ အသံကြားသည်နှင့် ဖူ‌ရှင်းဟွေ့က လှည့်ကြည့်၍ မေးလာခဲ့သည်။

သူက မီးဖိုချောင်ထဲ၌ ရပ်ရင်း အရောင်လွှင့်နေသည့် ဟောင်းနွမ်းသော အပြာရောင်အေပရွန်တစ်ထည်အားဝတ်ဆင်ထားကာ ကြည့်ရသည်မှာ အခြားခေတ်တစ်ခုမှ ရောက်လာသလိုပင်။ သူ့လက်ထဲကိုင်ထားသည့် တူဖြင့် ဟင်းအိုးထဲ‌မွှေပြီးအရသာမြည်းကြည့်လိုက်သေးသည်။ ဖျတ်ခနဲ ကြည့်လိုက်လျှင်တော့ အရပ်ရှည်ရှည် သူ့ ပုံစံက ရီချင်စဖွယ် ဖြစ်နေခဲ့သော်လည်း မြင်ကွင်းတစ်ခုလုံးက အလွန်ပင် သက်တောင့်သက်သာရှိသဖြင့် သူလည်း "အိမ်ရောက်ပြီ!" ဟု‌ပင် အော်ဟစ်ချင်သွားရသည်။

ကျန်းစီရိသည် ဖိနပ်အပါးပြောင်းစီးလိုက်ပြီး ဖူရှင်းဟွေ့ ချက်ပြုတ်နေသည့်အရာများအား စပ်စုလိုက်မိသည်။

" မင်း ဘာတွေချက်နေတာလဲ ဝေါင်း! Pasta ချက်နေတာပဲ ငါ့အတွက်ပါပိုချက်ပေးလေ "

ဖူရှင်းဟွေ့က ပန်းကန်ပြားအားကိုင်ထားရင်း သူ့ခန္ဓာကိုယ်နှင့် ကွယ်ထားလိုက်ကာ - " မင်းအတွက် မဟုတ်ဘူးဟ! ငါက မင်းနောက်ကျမယ်လို့ထင်နေတာလေ "

ကျန်းစီရိလည်း ပန်းကန်နောက်လိုက်ရင်း - " မရက်စက်နဲ့လေကွာ၊ ငါ့ကိုလည်း နည်းနည်းကျွေး၊ မင်းခုထိ ခေါက်ဆွဲမှမထည့်သေးတာကို၊ ငါ့အတွက်ပါ ပိုထည့်လိုက်လေနော် "

နှစ်ယောက်သားသည် သခင်က ခွေးအား စနောက်သလိုမျိုး စက်ဝိုင်းပုံစံပတ်နေကြကာ နောက်ဆုံး ဖူရှင်းဟွေ့လည်း အကူအညီမဲ့စွာဖြင့် လက်လျှော့လိုက်ရပေသည်။ ထိုအချိန် ကျန်းယင်လည်း ပြန်ရောက်လာခဲ့ကာ ဖူရှင်းဟွေ့ ချက်ပြုတ်နေသည်ကို တွေ့သည်နှင့် သူလည်း ကျန်းစီရိအတိုင်း သူ့အတွက်ပါ ချက်ပေးရန် ပြောလေတော့သည်။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now