14 - အဖွဲ့ဝင်ဖြစ်လာခြင်း

33 9 1
                                    

အဖွဲ့ဝင်ဖြစ်လာခြင်း

" ဘာလို့လဲ "

ကျန်းစီရိလည်း သူ့ ပါးစပ်ထောင့်အား သုတ်ရင်း မပျော်မရွှင်ဟန်ဖြင့် မေးလိုက်မိသည်။

" သူ မနေ့က မင်းကိုပြင်းပြင်းထန်ထန်ဝေဖန်ထားတာလေ၊ သူက နူးညံ့မယ့်ပုံမှ မပေါ်တာ ဘယ်လိုလုပ်ပြည့်စုံသွားတာလဲ "

ထိုမျှမကသေး သူ့ကို အခက်တွေ့အောင်လုပ်သေးသည့်အပြင်၊ လုပ်ဖော်ကိုင်ဖက်တွေ သူ့ကို မကူညီအောင်လည်းတားသေးသည်။ သူ့ကို ပြက်ရယ်လည်း ပြု၍ လိုင်းလည်းသုံးခွင့် မပေး  ...  ဒီလူမှာ သူငယ်ချင်းတစ်ယောက်မှ မရှိပုံပင်။

သူသည် တစ်ဖက်သူနှင့် ရက်အနည်းငယ်မျှသာ အတူတူ ရှိရသေးသော်လည်း ကျန်းစီရိကတော့ သူ၏ မကျေနပ်ချက်ပေါင်းများစွာအား စာရင်းပြုစုထားပြီးသားပင်။ တစ်ဖက်သူ၏ 'သဘောကောင်း၍ကြင်နာတတ်သော' ဟူသည့် ပုံရိပ်က ‌ပျောက်ကွယ်သွားသည်မှာ ကြာလှပြီဖြစ်သည်။

ထိုကဲ့သို့အကြင်နာမဲ့ပြီး ရက်စက်သည့်ပုံစံရှိသောဘော့စ်က မိန်းကလေးများကြား၌ ဘာကြောင့်များ အလွန် ရေပမ်းစားရသနည်းဟု ကျန်းစီရိ စဉ်းစားမရပေ။

ရုပ်ရည်နှင့် ပရော်ဖက်ရှင်နယ်အရည်အချင်းတွေကို‌တော့ မပြောနဲ့ဦးလေ။

သုရွေ့ရွှမ်းက ချက်ချင်းဆိုသလိုပင် ခွန်းတုံ့ ပြန်လာခဲ့သည်။

" ငါကမှ ကောင်းကောင်းမလုပ်နိုင်တာ သူ့မှာ ငါ့ကို ဝေဖန်ပိုင်ခွင့်ရှိပါတယ် စည်းကမ်းတင်းကြပ်တယ်ဆိုတာက အလုပ်ကိစ္စနဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို ခွဲထားတယ်လို့ ဆိုလိုတာပဲလေ၊ သူ့လက်အောက်ဝန်ထမ်းတွေကိုလည်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်၊ ပုံမှန်ဆို  ဒီလိုမဟုတ်ဘူး၊ တအားစဉ်းစားပေးတတ်ပြီး တအားနူးညံ့သိမ်မွှေ့တာပါနော် "

သိမ်မွေ့တယ် ! စဉ်းစားပေးတတ်တယ်! သူမ ပြောနေတာ လူတစ်ယောက်တည်းမှ ဟုတ်ရဲ့ လားဟ။

ကျန်းစီရိကုရှောင်းအား ပထမဆုံး စတွေ့ချိန်ကတော့ သူလည်းထိုကဲ့သို့ဂုဏ်ပုဒ်မျိုးပေးခဲ့မိချင်ပေးခဲ့မိပေလိမ့်မည်။ သို့သော်လည်း ခုချိန်တွင်တော့မဖြစ်နိုင်တော့ပေ။ သုရွေ့ရွှမ်းလည်း ယခင်က ကုရှောင်း၏ အပြုအမူများကြောင့် ယခုကဲ့သို့ စိတ်ရှုပ်ထွေးနေခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မိသည်ပင်။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now