17 - ခြိမ်းခြောက်ခြင်း

35 6 0
                                    


ခြိမ်းခြောက်ခြင်း

သို့သော်လည်း  ကျန်းစီရိထံ၌ ထိုအကြောင်းအား သေချာ တွေးတောနေဖို့ အချိန်မရှိပေ။ ခုချိန်  သူ့ထံ၌ ရွေးချယ်စရာ  တစ်ခုတည်းရှိသောကြောင့်ပင်။

ယခု‌လက်ရှိ စီးပွားရေး  ကျဆင်းနေပုံမျိုးနှင့် သူသာ Boundlessမှထွက်လိုက်မည်ဆိုလျှင် အတွေ့အကြုံမရှိ၊ သာလွန်သည့်ပညာရေးမရှိဘဲ ထိုအလုပ်ထက်ပိုကောင်းသည့်အလုပ်မျိုး ရှာတွေ့ဖို့ မဖြစ်နိုင်ပါချေ။

ကျန်းစီရိ မျက်မှောင်ကြုတ်နေသည်ကို တွေ့သောအခါ စူးယွမ်လည်း ထပ်၍မပြောလာခဲ့တော့ပေ။ သူမလည်း လုပ်ငန်းခွင်ထဲ ဝင်ကာစ ဖြစ်သောကြောင့်  ပြည်တွင်း ဆောက်လုပ်ရေးဈေးကွက်ထဲကစည်းမျဉ်းများအား သိပ်နားမလည်ပါချေ။ ဘောစ့်တစ်ယောက်သူ၏ လက်အောက် ဝန်ထမ်းများအပေါ် လမ်းညွှန်ခြင်းက အမြဲလိုလို အကြောင်းပြချက်တစ်ခုတော့ရှိတတ်ကြသည်သာ။

Boundless ၏ ဂုဏ်သတင်းနှင့်  ကျော်ကြားမှုများကလည်း  လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာမှ မဟုတ်တာလေ။

သူမကအကြောင်းအရာအားပြောင်းလိုက်ပြီး ခံစားချက်အပြည့်ဖြင့် - " ဒါပေမယ့် ကြည့်ရတာ နင် တအား အလုပ်ရှုပ်နေပုံပဲ၊ ခုတလော လိုင်းပေါ်တောင် သိပ်တက်မလာတော့ဘူး "

ကျန်းစီရိက လိုင်းပေါ်၌ "စက္ကန့်ပိုင်း မင်းသားလေး" ဟူသည့်နာမည်ပြောင်အားရရှိထားသူဖြစ်သည်။

အကြောင်းမှာ  တစ်ယောက်ယောက်ပိုစ့်တင်လာတိုင်း ကျန်းစီရိက ပထမဆုံး Like ပေး၍ ကွန်မန့်ရေးတတ်သူဖြစ်သောကြောင့်ပင်။သူ့သူငယ်ချင်းများဆို သူ့လက်ထဲ၌ အချိန်ပြည့်ဖုန်းကိုင်ထားတာပြီး ပိုစ့်အသစ်အပ်ဒိတ်များအား ဆက်တိုက်ဆွဲချနေတာလားဟုပင် တွေးမိကြရသည်။

သို့သော်လည်း သူ အလုပ်ဝင်ကတည်းမှစ၍ သူ့နာမည်ပြောင်က "စက္ကန့်ပိုင်းအတွင်း Like ပေးသူ" မှနေ "တစ်ပါတ်စာဆန်းစစ်ခြင်း"သို့ ပြောင်းလဲသွားခဲ့လေသည်။ 

စူးယွမ်သည် ပိတ်ရက် ရောက်တိုင်း  သူမ၏ အကောင့်ထဲဝင်လိုက်သည်နှင့်ကျန်းစီရိဆီမှ သူမ တစ်ပတ်အတွင်းတင်ထားသည်များကို Like လုပ်၊ ကွန်မန့်‌ပေးထားသည့် "တစ်ပတ်အတွင်းအစီရင်ခံစာများ"ရရှိလေ့ရှိပေသည်။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now