5 - လုပ်ဖော်ကိုင်ဖက်များ

36 8 0
                                    

လုပ်ဖော်ကိုင်ဖက်များ

ကုရှောင်းထွက်သွားခဲ့ပြီးနောက် ကျန်းစီရိ သူ့နဖူးမှ ချွေးများအား မသုတ်ဘဲ မနေနိုင်တော့ပေ။ ဒီတစ်မနက်လုံး သူ့ခံစားချက်များ တက်လိုက် ကျလိုက်ဖြင့် ရိုလာကိုစတာ စီးနေရသလိုပင်။

သို့သော်ငြား မည်သို့ပင်ဖြစ်စေ၊ သူကတော့တိမ်ပေါ်မြောလွှင့်နေသလိုမျိုး ခံစားနေရဆဲဖြစ်သည် ...

ထို့နောက်တွင် ဝန်ထမ်းရေးရာဌာနာမှမစ်ဝမ်က ကျန်းစီရိအား ကုမ္ပဏီအနှံ့ လိုက်လံပြသခဲ့ပေသည် __ မှန်နံရံအပြည့်ကာရံထားသည့် အစည်းအဝေးခန်းနှင့် ဆွေးနွေးခန်းများ၊ စာ ကြည့်တိုက် အသေးလေးဟုပင် ထင်ရသည့်စာဖတ်ခန်း၊ အေးဆေး စားသောက်နိုင်သည့် ထမင်းစားခန်း၊ အပန်းဖြေဧရိယာများနှင့်ကုတင်ပါဝင်သောအခန်းလေးများပင်ပါရှိသေးသည်။

"Boundless" ကုမ္ပဏီ ပတ်ဝန်းကျင်ကတော့ သူ စိတ်ကူးထားသည်ထက်ပင် သာလွန်နေခဲ့သည်ဟု ပြောရမည်သာ။

ကျန်းစီရိသည် ပျော်ရွှင်လွန်းသဖြင့် တစ်ချိန်လုံးလိုလို နားရွက်တက်ချိတ်မတတ်ပြုံးနေခဲ့ကာ သူကတော့ ထိုကုမ္ပဏီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီဟု စဥ်းစားနေခဲ့မိသည်။

ယခုမှနေစ ဤပစ္စည်းများအားချွင်းချက်မရှိ သူ အသုံးပြုခွင့်ရတော့မည်ဟု တွေးလိုက်မိသည့်အချိန် ပိုင်ဆိုင်လိုမှုနှင့် ပျော်ရွှင်မှုတို့က သူ့နှလုံးသားထဲ အလိုလိုမြင့်တက်လာခဲ့လေတော့သည်။

" အနားယူတဲ့အခန်းထဲမှာကော်ဖီစက်ရှိတယ် ကော်ဖီကြိုက်သလောက် သောက်လို့ရသလို ဘီစကစ်၊ ပေါင်မုန့်တွေနဲ့ နို့လည်းရှိတယ် နေ့လည်စာကို ကုမ္ပဏီကနေ မှာစားလို့လည်း ရတယ် ဘာပဲမှာမှာ ယွမ်30 ထက်တော့မပိုဘူး ကိုယ့်ဟာကိုယ် ယူလာမယ်ဆိုလည်း ရတယ် ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့ဖ်နဲ့ အခြား ပစ္စည်းတွေကိုထမင်းစားခန်းထဲထား‌ပေးထားတယ် အဆင်ပြေသလိုသုံးလို့ရတယ် ... "

မစ်ဝမ်က ရုံး၌ အသုံးပြုနိုင်သည့်ပစ္စည်းများအကြောင်း သေသေချာချာရှင်းပြမိတ်ဆက်ပေးခဲ့ပေသည်။

လက်ထောက်ဗိသုကာပညာရှင်လေးWhere stories live. Discover now