Part-1

12.8K 378 2
                                    

✿Pain of Love (Part-1)

>Dika Yaoi<

အသူရာနေမင်းကြီး၏ ထိန်လင်းတောက်ပသောရောင်ဝါရဲ့ ရှေ့တော်ပြေးအဖြစ် နေခြည်နုနုရောင်နီလေးများထွန်းလင်းလာသည်နှင့် တစ်ပြိုင်နက် သာယာလှသောကျေးငှက်လေးများ၏ ချစ်စဖွယ်အသံများသည်လည်း နေ့သစ်ရဲ့တစ်နေ့တာအစကိုပို၍ အသက်ဝင်လာစေသည်။

Jonginသည်လည်းရင်ဆိုင်နေရသော အမှုကိစ္စပြီးသည်နှင့် တရားရုံးကိုကျောခိုင်းကာထွက်လာလိုက်သည်။

တရားရုံးရှေ့တွင် သူမကြိုက်သောလူအမျိုးအစားထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် သူများအတွင်းရေးကို လိုက်လံဖော်ထုတ်တတ်သော သတင်းထောက်တွေကအပြည့်ပင်ရှိနေသည်။ ထိုသူများ၏မျက်နှာများတွင်လည်း သိချင်မှုကြောင့်ဖြစ်နေသည့်လောဘတွေကသိသိသာသာကိုပေါ်လွင်နေသည်။

Jonginကတော့အားလုံးကို လျစ်လျူရှုကာ ကားဆီသို့သာ အေးဆေးတည်ငြိမ်စွာလျှောက်လှမ်းနေလိုက်သည်။ သတင်းထောက်တွေကတော့သူ့နောက်ကိုအဆက်မပြတ်လို်က်နေကြသည်။

သတင်းထောက် = Paparazz
P-1 : : Kim Jong In shi. . . ဒီလိုအမှုနိုင်သွားတဲ့ အတွက်ဘယ်လိုခံစားရလဲ

P-2: : တစ်ခုလောက်ပြောပေးပါ Kim Jong In

မေးခွန်းများ အဆက်မပြတ်မေးနေသော ထိုသတင်းထောက်နှစ်ယောက်၏ နောက်တွင်တော့ မိုက်ခ်တွေ ၊ ကင်မရာတွေ အပြည့်ကိုင်ထားကြသည့် သတင်းထောက်တွေက အသည်းအသန်တိုးဝှေ့  နေကြသည်။

Jonginကတော့ ကားဆီသို့သာ အလေးမစိုက်သောစတိုင်လ်ဖြင့် လျှောက်နေလိုက်သည်။

Jongin : Arjishi ...ဒီနေ့တစ်နေ့တာကိုတော့ နားလိုက်တော့

အသံကပြတ်သားလှသည်။ ဒါကတော့သူ့ပုံစံပင်။ သူဂရုစိုက် ချစ်ခင်သော တစ်ယောက်သောသူကလွဲပြီး ကျန်တဲ့သူတွေအတွက်တော့ သူဟာ ဆိုးသွမ်းသောသူ တစ်ယောက်ပင်။

Jonginမောင်းနှင်လာသည့် ကားလေးကလည်း အဝေးပြေးလမ်းမပေါ်တွင် အထီးကျန်ကာဖြင့် ရှေ့သို့သာ ခရီးဆက်နေသည်။

ကားလေးမောင်းနှင်လာသောလမ်းလေးရဲ့အဆုံးမှာတော့ သာယာလှသောရာသီဥတုကြောင့် သစ်ပင်များစိမ်းစိမ်းစိုစိုရှိနေကာ သစ်ရွက်လေးများကလည်း ဂန္ဓဝင်ဆန်စွာပြန့်ကြဲနေသည်။ ကားလေးရဲ့အရှိန်ပြင်းပြင်းမောင်နှင်လိုက်မှုကြောင့် ပြန့်ကြဲနေသောသစ်ရွက်များ ဘေးတစ်ဖက်တစ်ချက်ဆီသို့ လွင့်စင်ကာ လမ်းဘေးတစ်နေရာတွင် အသစ်တဖန်ပြန်လည် နေရာယူလိုက်ကြသည်။

Pain of loveWhere stories live. Discover now